Unicode
အပိုင်း - ၁၄၉ ငါတို့က သူ့ကို ဘာကြောင့်များ ကရုဏာထား နေရမှာလဲ
ထိုစကားများကို ကြားလိုက်ရသည်နှင့် ဟန်ရွှယ်အာ၏ မျက်လုံးများက မသက်မသာဖြစ်သွားရသည်။"ဒါက နည်းနည်းတော့ ကြမ်းတမ်းရက်စက်တယ်မဟုတ်လား"
ဟန်ရွှယ်အာသည် သူ့ကိုယ်သူ ရက်စက်သော မိန်းမတစ်ယောက်ဟု တွေးထင်ခဲ့မိပြီး ဟန်ယွမ်အာထံမှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်သော အကြံအစည်တစ်ခု ပေါ်ပေါက်လာမည်ဟု မထင်ထားခဲ့ပေ။ ဟန်ယွမ်အာ ပြောခဲ့သော အစီအစဉ်များကြောင့် ဟန်ရွှယ်အာ အလွန် စိတ်မသက်မသာ ဖြစ်သလို ခံစားရပြီး ရွံရှာသွားမိသည်။ ။ မိန်းကလေးတစ်ယောက်မှာ ဟန်ယွမ်အာ ပြောသလို အဖြစ်မျိုးဖြစ်ခဲ့ရင် သူမဘဝတစ်ခုလုံး ပျက်စီးသွားမှာ မလွဲမသွေပါပင်။ သို့သော်၊ ဟန်ယွမ်အာသည် သူမ အစီအစဉ်ကို ဖော်ပြလိုက်ရသောကြောင့် ပြုံးကာ တစ်ချက် ရယ်မိသွားခဲ့သည်။
ဟန်ယွမ်အာသည် ရှေ့ဆက် မပြောမီ တစ်ခဏမျှ ခေတ္တရပ်လိုက်ပြီး
"အစ်မ သူမကို ဘယ်လောက်မုန်းတီးနေလဲဆိုတာကို တွေးကြည့်မိတော့ အရက်စက်ဆုံး ပြစ်ဒဏ်ကို ငါ တွေးနေမိတာ ။သူမကို သနား ကရုဏာ ထားနေတာဆိုရင်လဲ ငါ့ရဲ့ အကြံပြုချက်တွေကို လျစ်လျူရှုလိုက်ပါ၊ ဘာပဲဖြစ်ဖြစ်၊ ငါက သခင်လေးကျဲ နဲ့ ချိန်းတွေ့ခဲ့ပြီးပြီ၊ အဲဒါကြောင့် ငါ့မှာ သူနဲ့ ပြန်တွေ့ဖို့ မျှော်လင့်ချက်က မရှိဘူး၊ ဘာပဲဖြစ်ဖြစ် သူက တွဲခဲ့ဖူးတဲ့ မိန်းမတွေဆီ ပြန်မလာဖူးလေ၊ ဒါ့ကြောင့် ငါကြိုးစားလုပ်သမျှက ငါ့ကို ကူညီပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် အစ်မကျတော့ မတူဘူးလေ — မုရှောင်းရှောင်သာမရှိရင် အစ်မက သခင်လေးကျဲ ရဲ့ အချစ်တွေကို အနိုင်ယူနိုင်လိမ့်မယ်…”
လို့ ဟန်ယွမ်အာက ရည်ရွယ်ချက်ရှိရှိနဲ့ ဟန်ရွှယ်အာ အာရုံအစိုက်ဆုံး ကိစ္စရပ်ကို ပြောလိုက်တယ်။ သေချာ တာပေါ့ ဟန်ရွှယ်အာ က ဒီစကားတွေကို ကြားပြီးနောက်
"ဘာလို့ သူ့ကို ငါက သနား နေရမှာလဲ?"
ဟန်ယွမ်အာက သူမကို စူးစူးရဲရဲကြည့်ကာ
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...