Unicode
အပိုင်း -၁၇၇ ဒဏ္ဍာရီဆန်ဆန် လျို့ဝှက်လွန်းတဲ့ မုမိသားစု
ဇိမ်ခံ စားသောက်ဆိုင်တွင်
ယင်းရှောင်ကျဲ သည် ဟန်ချီချင် နှင့် စု့န်ရှီကျွင်းအပါအဝင်
သူတို့၏ ရင်းနှီးသော အခြား သူငယ်ချင်းများကို ခေါ်ခဲ့သည်။
စုန့်ရှီကျွင်း ကလည်း သူ့သူငယ်ချင်းတစ်ယောက်ကို ခေါ်လာခဲ့သည်။တံခါး၀ကိုရောက်တာနဲ့ စုန့်ရှီကျွင်း က ပြုံးပြီး မုရှောင်းရှောင် ကို
အတင်းဖက်ဟန်ပြင်သည်။"အာယိုး မတွေ့တာကြာပြီနော် သခင်မလေး မု ။
ငါမင်းကို အရမ်းလွမ်းနေတာ!"စုန့်ရှီကျွင်းရဲ့ ဧည့်ဝတ်ကြေမှုက ယင်းရှောင်ကျဲ လက်ဖြင့် တားဆီးခြင်းခံလိုက်ရသောအခါ စုန့်ရှီကျွင်းခမျာ လက်ဆွဲ နျုတ်ဆက်ရုံသာ လုပ်နိုင်သည် ။
ယင်းရှောင်ကျဲ က စုန့်ရှီကျွင်းကို စူးစူးရဲရဲ အကြည့်တစ်ခု ပစ်လိုက်ပြီး
"မင်းကို ညစာလာစားဖို့ပဲ ငါလုပ်ခိုင်းတာ၊ လူတွေကို အခွင့်ကောင်းမယူနဲ့!"
"ရှောင်ရှောင်ဟာ မင်းရဲ့ဇနီးလို့ မသိတဲ့သူတွေက ထင်ကြလိမ့်မယ်!"
စုန့်ရှီကျွင်း က နောက်ပြောင်ပြီး သူ့သူငယ်ချင်းကို ထိုင်ခုံတစ်ခုဆီ ခေါ်သွားသည် ။
ယင်းရှောင်ကျဲက မုရှောင်းရှောင်ကုလားထိုင်နောက်ဘက်ကို လက်တင်ထားလိုက်ပြီး မထီမဲ့မြင် ပြုံးလိုက်သည်။
“ ဘာဖြစ်လဲ? ရှောင်းရှောင်က ငါ့ဇနီးပဲ”
ဟု ပြောကြားလိုက်သည်။
စုန့်ရှီကျွင်းက ယင်းရှောင်ကျဲ သည် မုရှောင်းရှောင် နှင့် ပတ်သက်သည့် ကိစ္စရပ်များအပေါ် လွှမ်းမိုးလေ့ရှိတာကြောင့် သူ၏စကားများကို အလေးမထားမိခဲ့ပေ။
သို့သော် စုန့်ရှီကျွင်းအနားရှိ သူငယ်ချင်းက မုရှောင်းရှောင် ကမည်သူဖြစ်သည်ကို မသိခဲ့ပေ။
"ဒါဆို သူမက မုရှောင်းရှောင် လား ၊ သူမက တကယ့် သခင်လေးကျဲ ရဲ့ ဇနီးလား။ သူမက ဘယ်လိုလူလဲ"
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...