Unicode
အပိုင်း -၂၄၄ သူ့အပေါ် ဘယ်လိုခံစားရလဲ (၂)
"ဟင်? "
မုရှောင်းရှောင်အတွက် ဒီမေးခွန်းက ပဟေဠိဆန်နေပြီး သူမ၏ အမြင်အာရုံသည် မြူခိုးများကို လှမ်းကြည့်နေရသလိုမျိုး မှုန်ဝါးနေသည်။ သူမ ဟန်ချီချင်ကို သေချာစိုက်ကြည့်နေသော်လည်း သူမ အာရုံမစိုက်နိုင်ပေ။
ဟန်ချီချင်က သူမအနားကို တစ်ဖန်ပြန်ချဉ်းကပ်ပြီး သူမကို သူမတို့ နှစ်ဦးသာကြားရတဲ့အသံနဲ့
" ရှောင်းရှောင် နင် ယင်းရှောင်ကျဲနဲ့ စေ့စပ်ထားရတယ် မဟုတ်လား။ ဒါ့အပြင် သူက နင့်ကို ကောင်းကောင်းဆက်ဆံပုံရတယ်။ နင် အရင်က ရည်းစားရှိတယ်ဆိုတာကြားတော့ သူတကယ်မနာလိုဖြစ်သွားပုံရတယ်။ ဒါဆို နင်တို့နှစ်ယောက်ကြားက အခြေအနေက ဘယ်လိုလဲ။ နင် သူ့ကိုကြိုက်နေတယ် မှတလား"
"ကြိုက်တယ် ? ...သူကို "
မုရှောင်းရှောင် သူမ အူကြောင်ကြောင်ဖြင့် စကား တစ်ခွန်းထဲ ထပ်ခါတလဲလဲ ပြောကာ မေးခွန်းကို လေးလေးနက်နက် တွေးနေသကဲ့သို့ မျက်လုံးများကို မှိတ်ထားသည်။
ငါ... ယင်းရှောင်ကျဲ ကို ကြိုက်တာလား။
ငါသူ့ကိုကြိုက်တယ်ထင်တယ်...
ငါသူ့ကိုကြိုက်တာဘဲ!
ထို့နောက် သူမသည် ဟန်ချီချင် ၏ စိတ်အားထက်သန်သောအမူအရာကို ရင်ဆိုင်ရင်း ခေါင်းညိတ်လိုက်ပြီး
“ကျွန်တော် သူ့ကို သဘောကျတယ်…. မဟုတ်သေးဘူး ငါက သူ့ကို ဘယ်လိုမှ မချစ်နိုင်ဘူး"
ယင်းရှောင်ကျဲ နှင့် မုရှောင်းရှောင်သည် သဘောထားကွဲလွဲမှုများရှိကာ တစ်ခါတစ်ရံ ရန်ဖြစ်မှုများနှင့် ဒေါသတကြီး ပြုမူတတ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် ဘယ်သောအခါမှ ထိခိုက်မည်မဟုတ်ပေ။
မုရှောင်းရှောင် ရုတ်တရက် ငယ်ငယ်တုန်းက ကိစ္စတစ်ခု သတိရမိသွားသည်။ သူ့မအဖေက သူမကို ကျီစားပြီး
"ရှောင်းရှောင်၊ သမီး ဘယ်သူ့ကို အကြိုက်ဆုံးလဲ"
ထိုအချိန်တွင် သူမသည် ယင်းရှောင်ကျဲ ၏လည်ပင်းကို ပွေ့ဖက်ကာ
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...