Unicode
အပိုင်း -၂၂၂ ဟန်ယွမ်အာရဲ့ ဖြေသိမ့်စရာ
"သြော် ဟုတ်လား၊ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ် မမ"
ဟန်ယွမ်အာ ဒေါသအရိပ်အမြွက်မပါတဲ့ လေသံနဲ့ဘဲ အေးစက်စွာပြောသည်။
"ပါးစပ်ပိတ်ထား! နင့်ကို အဲလို မခေါ်ဖို့ ငါပြောခဲ့တယ်!"
ဟန်ရွှယ်အာက ဒေါသတကြီး မှတ်ချက်ပေးပြီး ချက်ချင်းပဲ ဖုန်းချလိုက်သည် ။
ဟန်ယွမ်အာ သည် သူမ၏ ဖုန်းစခရင်ကို အေးစိမ့်စိမ့်ကြည့်နေကကာ
"နင်က ထစ်ခနဲရှိ ဒေါသပဲ ထွက်နိုင် ချမ်းသာတဲ့ ငတုံးမသာသာပဲ "
ဟန်ယွမ်အာ ရုတ်တရက် သူမ ဖုန်းကို အရှိန်အဟုန်နဲ့ ပစ် ပေါက်လိုက်သည်။
ဖုန်းက တံခါးနက ကော်ဇောပေါ်မှာ ပက်လက်လေးပင် ။
ဟားဟား ဘာပဲဖြစ်ဖြစ် လူတုံးမ ဟန်ရွှယ်အာက သူမကို ဖုန်းအသစ်တစ်လုံးဝယ်ဖို့ အဲဒီပိုက်ဆံယွမ်နှစ်သိန်း ပေးလိုက်သလိုပင်။
ဟန်ယွမ်အာ အခုမှ ပြေသွားပြီး စားပွဲထိုး ခေါ်ရန်အတွက် ခေါင်းလောင်းကို နှိပ်လိုက်သည်။
စားပွဲထိုးက တံခါးကို တွန်းဖွင့်ပြီး နွေးနွေးထွေးထွေး ပြုံးပြပြီး ဝင်လာသည်။
"လေးစားအပ်ပါသော ဧည့်သည်တော် ဘာများ တောင်းဆိုချင်ပါသလဲ ခင်ဗျ "
စားပွဲထိုး လမ်းလျှောက်လာရင်း ကော်ဇောပေါ်မှာ ပြုတ်ကျနေတဲ့ ဖုန်းကို တွေ့လိုက်ရသည်။
ဟန်ယွမ်အာ က ဟန်ရွှယ်အာ အရင်က လုပ်ခဲ့တဲ့ အရာတစ်ခုကို သတိရသွားပြီး သူမ မေးစေ့ကို ပင့်လိုက်ကာ
"ကျွန်မအတွက် လာယူခဲ့"
ဟု ဂုဏ်ယူစွာ ပြောလိုက်သည်။စားပွဲထိုးက နာခံစွာ ကောက်ယူလိုက်ပြီး သူမကို လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။
ဟန်ယွမ်အာ က ပြုံးပြီး ကျေနပ်စွာ ခေါင်းညိတ်ကာ
။ “ကျွန်မ အချိုပွဲတွေ မှာချင်တယ်”
လို့ သူမက ပြောလိုက်သည်။ စားပွဲထိုးသည် ဟန်ယွမ်အာ ရဲ့ စိတ်ခံစားချက်ကို မည်သို့ အကဲခတ်ရမည်ကို သိပြီး မီနူးကို သူ့ထံသို့ ယဉ်ကျေးစွာ ကမ်းပေးပြီး ဟန်ယွမ်အာ မခိုင်းခင် အချိုပွဲတွေပါတဲ့ စာမျက်နှာကို လှန်ပြီး သူမကို ပြလိုက်သည်။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...