အပိုင်း - ၂၁၀

995 67 0
                                    

Unicode

အပိုင်း - ၂၁၀ မင်းက ဝက်တစ်ကောင်လား ?


တတိယအချိန်မှာ အနုပညာချိန်ဖြစ်ပြီး ကျောင်းသားများသည် အတန်းအတွက် အနုပညာစတူဒီယိုသို့ ပြောင်းရွှေ့ရသည်။

အနုပညာ အတန်းပြီးတော့ ထမင်းသွားမစားခင် မုရှောင်းရှောင် တစ်ခုခုလိုနေတယ်ဟု ခံစားရတာကြောင့် စောစောက ထွက်လာပြီး  စာသင်ခန်းဆီပြန်လာခဲ့သည်။ စာသင်ခန်းသည်  တစ်ယောက်မှ မရှိဘဲ လွတ်နေမည်ဟု သူမမျှော်လင့်ထားသော်လည်း လူရှိနေသည့် အရိပ်အယောင်ကို မြင်လိုက်ရသည်။

ပြီးတော့  သူမစားပွဲမှာ ရှိနေတာပင် ။ သံသယဖြစ်စရာတစ်ခုခု လုပ်နေတယ်ဟု ခံစားလိုက်ရတာကြောင့်

"နင် ဘာလုပ်နေတာလဲ?"

အော်ငေါက်သံကြောင့် ထိုလူသည် ကြောက်လန့်တကြား  ဖြစ်သွားပြီး လဲကျသွားကာ   မတ်တပ်ထရပ်လိုက်သောအခါတွင် သူ့ရဲ့ မျက်နှာသည် ထင်ရှားလာပြီး ပိုင်မိန်ကျောင်း ဖြစ်နေသည်။

မုရှောင်းရှောင်က သူမကို သံသယအပြည့်ဖြင့် ကြည့်လိုက်ပြီး 

"နင်  ငါ့စားပွဲမှာ  ဘာတွေ ခိုး ကြောင် ခိုးဝှက် လုပ်နေတာလဲ?  "

ပိုင်မိန်ကျောင်း သူခိုး လူမိ ဖြစ်သွားတာကြောင့် အနည်းငယ် စိတ်ရှုပ်သွားသော်လည်း ယင်းရှောင်ကျဲ ၏ အရိပ်အယောင်မရှိသည်ကို တွေ့ရသဖြင့် သူမ စိတ်သက်သာရာရသွားသည်။ သူမ မေးကို ပင့် လိုက်ပြီး

"နင့်ရဲ့ စားပွဲကို ဘယ်သူမှ ထိမနေဘူး— ငါမလုပ်ဖူးတဲ့ အရာတစ်ခုအတွက် ငါ့ကို အပြစ်တင်မနေနဲ့၊ နင့်ရှေ့က  ငါ့စားပွဲပဲ၊ ငါ စားပွဲက  ပြုတ်ကျလာတဲ့ တစ်ခုခုကို ကောက်ဖို့အတွက် ကိုင်းညွတ်နေခဲ့တာ"

သူမ စကားကို အမှန်ဟု မထင်ဘဲ သံသယဝင်နေသေးတာကြောင့်  မုရှောင်းရှောင် သူမ၏စားပွဲဆီသို့ ဖြည်းညှင်းစွာလျှောက်လာခဲ့သည်။

မုရှောင်းရှောင် သူမရဲ့ စားပွဲနှင့် ကုလားထိုင်ကို ကြည့်လိုက် တော့ နှောင့်ယှက်ခြင်း ပေးခြင်းမခံထားကတဲ့ပုံပေါ်သည်။  ပြီးတော့ သူမ စားပွဲအံဆွဲထဲက အရာတွေကို ပေါ့ပေါ့ပါးပါး စစ်ဆေး ကြည့်လိုက်ပြန်တော့လဲ သူတို့မှာ ဘာပြဿနာမှ မတွေ့။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now