အပိုင်း - ၁၂၅ သူမကို ကာကွယ်ရန် ပျက်ကွက်ခြင်း
လုရိချန် - နေ့ခင်းဘက်မှ လာတွေ့ရင်ကော အခု မင်း ကျောင်းကို လာရတာ အဆင်မပြေဘူးဆိုတာ ကိုယ်နားလည်တယ် ...ကိုယ်တို့အပြင်မှာလဲ တွေ့လို့ရတယ်"
မက်ဆေ့ချ်ပါ အကြောင်းအရာများကို ကြည့်ရှုပြီးနောက် မုရှောင်းရှောင် မည်သို့ပြန်ဖြေရမည်ကို တုံ့ဆိုင်းသွားခဲ့သည်။ သူမ မှာထားတဲ့ စားစရာတွေက ဒီကို မရောက်သေး .....ရောက်ပြီး တော့ စားသောက်ပြီးရင် ယင်းရှောင်ကျဲ မသိဘဲ အိမ်အပြင်သို့ ထွက်ခဲ့ရဦးမည်။ အချိန်က နည်းနည်းလေး ကျပ်နေသလိုပဲ
ဒါကြောင့် ခဏလောက်စဉ်းစားပြီး
“နေ့လည်ကျောင်းတက်ချိန်ဆိုရင်ကော ဘယ်လိုလဲ? ”
ဟု ပြန်မေးလိုက်သည် ။
လုရိချန်က
" ကောင်းပြီ ဒါဆို နေ့လည်ကျောင်းတက်ချိန်မှ တွေ့မယ်"
ဟု လုရိချန်က အသံဖိုင်စကို ပေးပို့လာသည်။ စက္ကန့်အနည်းငယ်သာပါရှိတဲ့ သူ့လေသံက ညင်သာနူးညံနေသည်။
မုရှောင်းရှောင်က သူ့ကို ပြုံးပြုံးလေး လုပ်နေတဲ့ Emoji လေး ပို့လိုက်ရင်း
"တွေ့မယ်"
လို့ ပြန်ဖြေလိုက်သည်။
မုရှောင်းရှောင် လက်ထဲက ဖုန်းကိုချလိုက်ပြီးတာနဲ့ ယင်းရှောင်ကျဲ က ရေချိုးခန်းထဲမှထွက်လာသည်။
ယင်းရှောင်ကျဲ သူမကို အကြည့်လွှဲနေတာကို သတိပြုမိတော့
မုရှောင်းရှောင် အနည်းငယ် စိတ်တိုသွားပြီး သူမရဲ့ ဖုန်းကို မသိစိတ်ကနေ ယင်းရှောင်ကျဲ အမြင်ကနေ ဖုံးကွယ်ဖို့ ကြိုးစားမိသည်။ သူမကိုယ်သူမ ခင်ပွန်းသည်နောက်ကွယ်တွင် အခြားအမျိုးသားတစ်ဦးနှင့် ဖောက်ပြန်ရန် ကြိုးစားနေသည်ဟု ခံစားရသည်။အခု သူမရဲ့ခံစားချက်တွေ ရှုပ်ယှက်ခတ်ပြီး သူမရဲ့စိုးရိမ်မှုတွေကို ယင်းရှောင်ကျဲဆီကနေ ဖုံးကွယ်ဖို့ကြိုးစားရင်း မုရှောင်းရှောင် က
"ငါ့ ဖုန်းဘက်ထရီကုန်သွားပြီ။ အားသွင်းရတော့မယ်"
ဟု ဆိုကာ သူမ အိပ်ခန်းထဲသို့ အမြန်သွားလိုက်သည်။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...