အပိုင်း - ၂၀၉

976 73 0
                                    

Unicode

အပိုင်း - ၂၀၉ မင်းရဲ့စာသင်ထိုင်ခုံအဖော်က ဘယ်သူလဲ။


သူမ တကယ်ပဲ  ပဟေဋ္ဌိဖြစ်သွားပြီး  ယင်းရှောင်ကျဲက ဒုတိယ နှစ်မဟုတ်ဘူးလား ဘာလို့ သူမရဲ့ ပထမနှစ် အတန်းမှာထိုင်ချင်ရတာလဲ။

"ဘာကိုဆိုလိုချင်တာလဲ၊ ငါမင်းနဲ့ တူတူ စာလိုက်သင်ချင်တယ်၊ မရဘူးလား "

ယင်းရှောင်ကျဲ သည် သူမအား ငြင်းခုံရန် အခွင့်အရေးမပေးဘဲ လှေကားပေါ်မှ ဆွဲတင်ကာ  စူးစူးရဲရဲ စိုက်ကြည့်နေသည်။

"ယင်းရှောင်ကျဲ  နင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

မုရှောင်းရှောင် အတွက် ဤ သခင်ငယ်လေးကျဲ ဤကဲ့သို့ မတိုင်ပင်ထားတဲ့  တစ်စုံတစ်ခုကို လုပ်ဆောင်တဲ့ အခါ သူမ  စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ဘာတွေကများ သူ့ကို ဒီလိုလုပ်ဖို့ မြှောက်ပေးလိုက်ပါလိမ့် ။

ဒီလိုနဲ့ မုရှောင်းရှောင် တို့ ပထမနှစ် အတန်း S ကို ရောက်လာသည်။  အတန်းချိန်နီးနေပြီဖြစ်၍  အတန်းထဲတွင် ကျောင်းသားတွေ ပြည့်နေပြီဖ့စ်သည်။  မုရှောင်းရှောင်ကသာ  နောက်ဆုံးဝင်ရောက်လာသူ ဖြစ်သည်။

ယင်းရှောင်ကျဲ  သူမနှင့် လက်ချင်းတွဲကာ အတန်းထဲသို့ ဝင်လာသည်ကို တွေ့လိုက်သောအခါ လူအုပ်ကြီးက တကယ်ပဲ  အံ့သြသွားကြသည်။
နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာက လူအုပ်ရဲ့ မေးရိုးတွေ ပြုတ်ကျလာတာပင်။ ယင်းရှောင်ကျဲ  သည် မုရှောင်းရှောင် ကို သူမနေရာသို့ လိုက်ပို့ပေးရုံသာမက သူမဘေးနားတွင် တကာ် ငုတ်တုတ်ကြီး  ထိုင်နေခဲ့သည်။

သူမဘေးက ထိုင်ခုံက…

အတန်းထဲက ကျောင်းသားတွေက တစ်ခုခုကို တွေးနေပုံပင်။
သူတို့အားလုံး မျက်လုံးများ ပြူးကျယ် နေကာ ထူးဆန်းသော အမူအရာတစ်ခု သူတို့မျက်နှာပေါ်တွင် ချိတ်ဆွဲထားသည်။

ယင်းရှောင်ကျဲ သည် သူထိုင်နေသည့်  စားပွဲကို မည်သူမျှ အသုံးမပြုသလိုမျိုး စိတ်တိုင်းကျထိုင်နေကာ  လွတ်နေသည့် ခုံတစ်လုံးကဲ့သို့ ပြုမူနေသည်။

ကျောင်းသားအားလုံးရဲ့ အပြုအမူကို သိလိုက်တဲ့ ယင်းရှောင်ကျဲ  က မုရှောင်းရှောင်ကိုကြည့်ပြီး

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now