အပိုင်း -၂၉၂

652 43 0
                                    

Unicode
အပိုင်း ၂၉၂- သေနိုင်လောက်တဲ့  ရှက်စရာ။

မုရှောင်းရှောင်  တခစ်ခစ်ရယ်ရင်း

"ရှင်  ဘယ်အချိန်က စပြီး ဟာသတွေပြောနေတာလဲ"

“အို့ မကြာသေးပါဘူး”

ဟု လုရိချန်က လေးနက်စွာ ပြန်ဖြေသည်။

သူမကိုယ်သူ မထိန်းနိုင်တော့ဘဲ ဟန်ချီချင်က နောက်ဆုံးတွင် ခေါင်းကို မော့လိုက်သည်။ လုရိချန် ကို ဝှေ့ယမ်းရင်း သူမ တုန်လှုပ်စွာဖြင့်

"မင်္ဂလာပါ! ကျွန်မတို့ ရှင့်ကိုဒီမှာတွေ့မယ်လို့မထင်ခဲ့ဘူး။ တကယ့်ကို တိုက်ဆိုင်မှုတစ်ခုပဲ!”

လုရိချန် က ခေါင်းညိတ်ပြရင်း

“ဒါက တော်တော် တိုက်ဆိုင်တာပဲ "

ပြောလိုက်သည်။ ၊ သို့သော် သူ့မျက်လုံးများက အညိုရောင် အရိပ်အမြွက်တစ်ခုခု ကို ရှိနေပုံပင် ။

ဟန်ချီချင် သည် လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ရလိုက်ပြီး အရင်အချိန်တွေတုန်းက သူမ ‌ရှိနေတာကို တွေ့ဖူးပြီးသားဖြစ်နေတာလား။

တိုက်ဆိုင်တာ မဟုတ်ဘူးဟု လုရိချန်က ပြောနေသလိုပင်

ဟန်ချီချင် သည် သေလုမြောပါး ရှက်သွားပြီး လုရိချန် ကို မကြည့်ဝံ့ဘဲ ခေါင်းပြန်ငုံ့လိုက်သည်။

မုရှောင်းရှောင် သည် သူမ၏ သူငယ်ချင်းကောင်းကို ကူညီရန် အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။ လုရိချန် အား

"ဒီမှာ ဘာသောက်လို့ကောင်းလဲ။ ငါတို့အတွက် တစ်ခုခု အကြံပြုပေးပါ။"

လုရိချန် က သူမကို မီနူးကို ပေးရင်း ပြောသည်

"အင်း၊ ဒါကို ကြည့်ပြီး ဘာသောက်ချင်လဲ ပြော ၊ ကိုယ့်ရဲ့ ပြိုင်ပွဲမှာ ကိုယ့်ကို အားပေးထားတာကြောင့် ကိုယ် တိုက်ပါ့မယ် "

မုရှောင်းရှောင် ပြုံးလိုက်သည်။

"ရှင် အနိုင်ရမယ်ဆိုတာ ကျွန်မတို့သိထားပြီးသားပဲ၊ ဒါပေမယ့် ရှင် ကျွနမတို့ကို  ဒီလိုဆက်ဆံရင် ကျွန်မတို့ ဒီကို ထပ်လာဖို့ မဝံ့ရဲတော့ဘူး။"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now