Unicode
အပိုင်း - ၂၁၈ သူသည် သူမကို နားလည်သော တစ်ဦးတည်းသော သူဖြစ်သည်။
စုန့်ရှီကျွင်းက ရှက်ရွံ့စွာ ရယ်မောလိုက်မိသည်။ သေဒဏ်ကို လိုချင်တဲ့ လူမှသာ ထိုစကားကို ထပ်ပြောပေလိမ့်မည်။"ငါ ဗိုက်ဆာလွန်းလို့ စားတော့မယ်။ လာ ချီချင် ၊ ဒါလေးတွေက မင်းအကြိုက်ဆုံး ကြက်တောင်ပံကင်တွေပဲ၊ မင်းအတွက် တစ်ခုရွေး ပးမယ် ။ လာ လာ စကားပြောနေတာ ရပ်ပြီး စားကြရအောင်"
စုန့်ရှီကျွင်း အကြောင်းအရာကို သဘာဝကျကျ ပြောင်းလဲခဲ့သည်။
မုရှောင်းရှောင် စိတ်ထဲတွင် ပဟေဋိ တွေ တပုံတခေါင်းဖြစ်နေပေမယ့် ဗိုက်ထဲက ဆာလောင်မှုက ထကြွလာတာကြောင့် စတင်စားသောက်လိုက်သည်။
ယင်းရှောင်ကျဲ သူမအကြိုက်ဆုံးအစားအစာများကို ရွေးထုတ်ပြီး ပန်းကန်လုံးထဲသို့ ထည့် ပေးလိုက်သည်။
မုရှောင်းရှောင် တစ်ချိန်တည်းမှာပင် အကြောင်း အရာများကို ခွဲခြမ်းစိတ်ဖြာကာ အနည်းငယ် နှေးကွေးစွာ စားသောက်နေပါသည်။ သူမမသိလိုက်ခင်မှာပဲ သူမပန်းကန်တစ်ဝက်လောက်က ယင်းရှောင်ကျဲ သူမအတွက် ထည့်ပေးထားတဲ့ အစားအစာတွေနဲ့ ပြည့်နေပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေ တော့သည်။
သူမ သူ့ကို စကားမဲ့ မျက်စောင်း တစ်ချက် ပစ်လိုက်သည်။
"ကျဲ နင် ငါ့ကို စားမ၀င်အောင်လုပ်နေတာလား ငါပန်းကန်ထဲမှာ တောင်လို့ ပုံနေတဲ့ အစားအစာတွေနဲ့ ဘယ်လိုစားရမှာလဲ"
"ဘာကြောင့် ဒေါသတွေ ထွက်နေတာလဲ"
သူမ၏ ခံစားချက်ကို လေ့လာရင်း ယင်းရှောင်ကျဲ သူမ၏ မကျေနပ်ချက်များကို လျစ်လျူရှုလိုက်သည်။
မုရှောင်းရှောင်နှုတ်ခမ်းစူလိုက်သည်။
"ဘယ်တုန်းက ဒေါသထွက်လို့လဲ။ နင့်အပြစ်ပဲ- ငါစားနေတာကိုငါ့ပန်းကန်ထဲ ဒီအစားအစာတွေ အားလုံးကို ပုံထားပေးတယ် ... ငါ့မှာလဲ လက် ရှိတယ် ကိုယ့်ဘာသာပဲ ရွေးစားလို့ရတယ်။"
ယင်းရှောင်ကျဲ သူမ၏ပန်းကန်လုံးကို လေ့လာလိုက် တော့ တကယ်ပဲ သူတကယ်ပဲ ထည့်ပေးတာ အနည်းငယ်လွန်သွားပုံရသည်။
ESTÁS LEYENDO
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...