Unicode
အပိုင်း -၁၄၂ ဖျန်ဖြေရေး
ယုကျန် အတွင်းစိတ်ထဲမှာ သူ့ကိုယ်သူ လှောင်ပြောင်ကာ ရယ်မောလိုက်သည်။ သူသည် မုရှောင်းရှောင်ကို သာမန်မိသားစုမှ မွေးဖွားလာတဲ့ ကလေးတစ်ယောက်လို ဆက်ဆံမိခဲ့သည်။မုရှောင်းရှောင်က သူမသည် အမေရိကမှ ပြောင်းရွှေ့လာသည်ဟု ပြောခဲ့သော်လည်း သူမသည် ပညာရေးတွင် တော်တာကြောင့် ရှန်တကျောင်းကို ရောက်လာတဲ့ သာမန် ကျောင်းသူတစ်ယောက်ဟု လူတိုင်းက ယူဆခဲ့ကြသည်။ ထို့အပြင် မုရှောင်းရှောင် သည် ဇိမ်ခံကားများဖြင့် မောင်းနှင်ခြင်းကို ယခင်က မည်သူမျှ မမြင်ဖူးသောကြောင့် သူမအဆင့်အတန်းက သာမာန်ဖြစ်နိုင်သည်ဟု ထင်မြင်ခဲ့ကြသည်။
မုရှောင်းရှောင်က အဆောတလျင်
"ယုကျန် ၊ ငါ အမှန်တရားကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာ မဟုတ်ပါဘူး..ငါ ...ငါ ."
ယုကျန် က
"ကိုယ် နားလည်ပါတယ်"
လို့ တိုးညှင်းစွာ ပြန်ဖြေလာသည်။ တကယ်တော့ မုရှောင်းရှောင်ဟာ သူမမိသားစု နောက်ခံအကြောင်း လုံးဝ မပြောဖူးပါဘူး။ လူတွေကသာ သူတို့ ထင်မြင်ယူဆချက်တွေနဲ့ သိသလို လုပ် နေကြတာမို့ သူမ ဘာအမှားမှ မလုပ်ခဲ့။
"ဒါဆို မင်းနဲ့ သခင်လေးကျဲ က ငယ်သူငယ်ချင်းတွေလား"
ဒါက ယုကျန် အသိချင်ဆုံးအရာပင်
မုရှောင်းရှောင်ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်"
သူတို့အနားမှာ ဟန်ချီချင်က ပြုံးပြီး
"ရှောင်းရှောင် နဲ့ ယင်းရှောင်ကျဲ ရဲ့ ဆက်ဆံရေးက ရှောင်းရှောင်နဲ့ ငါ့ရဲ့ ဆက်ဆံရေးထက် ပိုနီးစပ်တယ်။ ရှောင်းရှောင် မွေးကတည်းက သူတို့ တစ်ယောက်နဲ့တစ်ယောက် သိလာကြတာ"
ယုကျန် အမူအရာမှာ အနည်းငယ် သဘာဝမကျသလို ဖြစ်နေသည်။
"ဒါပဲလား..."
ယင်းရှောင်ကျဲက မုရှောင်းရှောင်အား အထူးပြုဆက်ဆံရသည့် အကြောင်းရင်း နေ့လည်အချိန်က မိန်းကလေးများထံ မုရှောင်းရှောင်ပြောခဲ့သော စကားများက သူကို ပိုမို ရှင်းလင်းစေသည်။
ŞİMDİ OKUDUĞUN
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomantizmThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...