Unicode
အပိုင်း - ၂၂၅ အားလုံးအတွက် သတိပေးချက်
ယင်းရှောင်ကျဲ က သူမကို မတား နေဘဲ သူအတွက်မှာပေးထားတဲ့ မနက်စာကိုသာ ခေါင်းငုံ့ပြီး စားနေသည်။
ပြီးတော့မှ"ကြည့်လို့ပြီးပြီလား?" သူမဘက်လှည့်ပြီး မေးလာသည်။
မုရှောင်းရှောင် က ခေါင်းညိတ်ပြီး
"ပြီးပြီ။ နင် ငါ့ကို ပြန်မဖြေသေးဘူး ? ဘာလို့ ကျောင်းအုပ်ကြီးကို ခေါ်တာလဲ"
"နောက်ကျ သိရမယ် ဟုတ်ပြီးလား?"
ယင်းရှောင်ကျဲ သူ ရှေ့က ချစ်စရာလေးကို ကောင်းစွာ ပြုံးပြလိုက်သည်။ စားစရာတွေ အတွက် ငွေပေးချေပြီးတာနဲ့ မနက်စာဆိုင်ကနေ သူမလက်ကို ဆွဲကိုင်ရင်း ထွက်လာသည်။
မုရှောင်းရှောင် သူမတို့ နှစ်ယောက်သား လက် ဆုပ်ကိုင်ထားရတာကို ထူးဆန်းသည်ဟု ခံစားလိုက်ရသောကြောင့် သူမလက်ကို အတင်း ဆွဲထုတ်လိုက်သည်။
ယင်းရှောင်ကျဲ က သူမကို အကြည့်တစ်ချက် ကြည့်လိုက်ရင်း မျက်လုံးကို မှိတ်ထားရင်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေပုံ ပေါ်သော်လည်း ဒေါသမထွက်ပေ။
"ဘယ်တော့သိရမှာလဲ"
မုရှောင်းရှောင် သိချင်လွန်း၍ စိတ်ရှည်သည်းခံစွမ်းမှု မရှိတော့သဖြင့် ချက်ချင်းမေးလိုက်သည်။
ယင်းရှောင်ကျဲ သူမကို ကျောင်းဝင်းထဲကို ခေါ်သွားကာ သူတို့ ရုတ်တရက် သစ်ပင်အောက်မှာ ရပ်သွားကာ ပြုံးရင်း သူမကိုကြည့်ကာ
"မကြာခင်"
ဟုပြောသည်။
"မကြာခင် ဘာတော့လဲ"
ယင်းရှောင်ကျဲ အတွက် စပ်စုစိန်လုပ်နေတဲ့ မုရှောင်းရှောင်၏ပုံစံသည် အလွန် ချစ်စဖွယ်ကောင်းပုံရသည်။
နောက်တော့ ကျောင်းအသံလွှင့်စက်ကနေ
"ကြေငြာချက်။ ကျောင်းသူ မုရှောင်းရှောင် နှင့် ပတ်သတ်၍ ကျောင်းဖိုရမ်တွင် တင်ထားသော ပို့စ်များသည်
မမှန်ကန်သည့်အပြင် မတရားစွပ်စွဲချက်များ ပါရှိနေသည်ဟူ သံသယရှိနေပါသည်။ ယနေ့မှစပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆိုပါ အဖြစ်အပျက်ကို သီးသန့် ဆွေးနွေးခွင့်
မပြုပါ ။စည်းကမ်းဖောက်ဖျက်ပါက ကြီးကြီးမားမား အပြစ်ပေးခံရမည်ဖြစ်ပါသည်။ ဒါကြောင့် အပုတ်ချပြောဆိုတဲ့ ကျူးလွန်သူတွေကို သတင်းပို့ဖို့ကိုလဲ အားလုံးကို တိုက်တွန်းပါတယ်…”
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...