အပိုင်း -၂၅၂

801 55 0
                                    

Unicode
အပိုင်း ၂၅၂ -  ရေအေးတွေ ချိုးလိုက်ရတယ်

မုရှောင်းရှောင် ယင်းရှောင်ကျဲရဲ့  ညည်းတွားလေသံကြောင့်  စိတ်မကောင်းဖြစ်သွားရသည်။ ညက သူတကယ် အိပ်ရေးမဝတာ ထင်ရှားလို့ နေသည်။  သူရဲ့ အမြဲ ချောမော လန်းဆန်းနေသည့် မျက်နှာသည် နွမ်းလျနေသည်။

“အဲဒါဆိုရင် အိပ်ခန်းထဲမှာ ဘာလို့ မအိပ်တာလဲ၊ အိပ်ရာက အကျယ်ကြီးပါ   ငါတစ်ယောက်ထဲ ကုတင်တစ်ခုလုံး နေရာ မယူပါဘူး"

ယင်းရှောင်ကျဲ က သူမကို တစ်ချက်ကြည့်ရင်း မျက်လုံးကိုပြန် မှိတ်ထားကာ  ပြန်မဖြေ။

မုရှောင်းရှောင်  ယင်းရှောင်ကျဲ ထူးထူးခြားခြား ပြုမူနေသည်ဟု ခံစားမိသည်။

သူမရဲ့ အတွေးတွေများ မှန်နေမလား။

သူမ မသိအောင် ခိုး နမ်းမိလို့ အပြစ်ရှိသလို ခံစားရပြီး ယခု သူမကို ရင်ဆိုင်ရမှာ ကြောက်နေတာလား?

မုရှောင်းရှောင် သူမအတွေးကို သူမသဘောတွေကျပြီး စိတ်ထဲကနေ ကျိတ်ပြီး  ရယ်မောလိုက်သည်။ ယင်းရှောင်ကျဲက ဤမျှ သူရဲဘောကြောင်တဲ့သူ ဖြစ်မည်ဟု မည်သူက ထင်မည်နည်း။

အံ့သြစရာကောင်းလိုက်တာ။

ယင်းရှောင်ကျဲမျက်မှောင်ကြုတ်ကာ ပြုံးနေသော မုရှောင်းရှောင်ကို စိုက်ကြည့်ကာ

“မင်း ဘာပြုံးနေတာလဲ။ ငါ   ကောင်းကောင်း အိပ်မပျော်လိုက်ဘူး။ အဲ့ဒါကြောင့် မင်းပျော်နေတာ လား"

“ငါ  ....မဟုတ်ပါဘူး”

ဟု မုရှောင်းရှောင် က ပြန်ပြောသော်လည်း သူမ၏မျက်လုံးများက ပြုံးနေသေးသည်။

ယင်းရှောင်ကျဲ  ဘာစကားမှမပြောနိုင်။

သူမမျက်နှာမှာ ဒီလောက် ပျော်နေတဲ့ အမူအရာတွေ  အလျှံပယ် ပေါ်ထွက် နေတာကို ဒီကောင်မလေး မသိဘူးလား။

ယင်းရှောင်ကျဲ တစ်ခုခုကို တွေးရင်း မျက်လုံးကို မှိတ်ထားသည်။ ရုတ်တရတ်ဆိုသလိုပဲ ယင်းရှောင်ကျဲ မုရှောင်းရှောင်ကို ရင်ဘတ်ဆီသို့ ဆွဲ‌ေခါ်ကာ သူ့လက်ရှည်ကြီးနှစ်ဖက်ဖြင့် ချုပ်ပြီး  သော့ခတ်ကာ ခြိမ်းချောက်သလို စိုက်ကြည့်ရင်းး

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now