Unicode
အပိုင်း -၂၇၅ သူမက အပြင်လူတစ်ယောက်လိုပင်
သူတို့ လူကြီးတွေ အဖွဲ့ အနားလျှောက်လာတော့ ကလေးမလေးက ထွက်သွားသည်။
အဲအချိန်က နောက်ကျောကိုသာ မြင်လိုက်ရတဲ့ မိန်းကလေးက အန်းဇီရှင်း ဖြစ်နိုင်လား???လွန်ခဲ့သော ခုနစ်နှစ်ကတည်းက ဖြစ်ပျက်တာမို့ မုရှောင်းရှောင် သည် အဖြစ်အပျက်အသေးစိတ်ကို မမှတ်မိတော့။ ထိုစဉ်က ကလေးမလေးတစ်ယောက် ပေါ်လာသည်ကို သူမ ယောင်ဝါးဝါး မှတ်မိခဲ့သော်လည်း ကောင်မလေးက အမှတ်တမဲ့ ဖြတ်သွားသည်ဟု သူမထင်ထားသောကြောင့် အလွန်အကျွံ မစဉ်းစားမိခဲ့ပေ။
နှစ်တွေကြာလာပြီးနောက် ယင်းရှောင်ကျဲ ထို ကလေးမလေးကို မှတ်မိနေသေးတာကို သူမ အံ့ဩမိူာ်
တစ်ချိန်လုံး ကောင်မလေးကို လိုက်ရှာနေတာ ဖြစ်နိုင်မလား။
မုရှောင်းရှောင် အနည်းငယ် မှင်သက်သွားသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ နှလုံးသားထဲတွင် တင်းကျပ်တဲ့ ချုပ်နှောင်မှုတစ်ခု ဖြစ်ပေါ်လာသည်။
ရုတ်တရက်၊ သူမ လူကြီးတွေကိုရှာဖို့သွားတဲ့အချိန်ယင်းရှောင်ကျဲ နဲ့ ကလေးမလေးကြားက ဘာတွေဖြစ်ခဲ့လဲဆိုတာ သိချင်စိတ်ပြင်းပြလာရတယ်။ တစ်ခုခုရှိကို ရှိရမယ်။
မဟုတ်ရင် ယင်းရှောင်ကျဲ ဟာ ဒီကလေးမလေးကို မှတ်မိမှာ မဟုတ်ဘူး။
အန်းဇီရှင်း ကိုကြည့်ရင်း မုရှောင်းရှောင် ၏အမူအရာမှာ အနည်းငယ် စိတ်ရှုပ်သွားသည်။ အန်းဇီရှင်း၏ ပျော်ရွှင်နေသော မျက်နှာနှင့် သိသိသာသာ ခြားနားနေသည်။
အန်းဇီရှင်း ကို စောင့်ကြည့်နေချိန်တွင် ယင်းရှောင်ကျဲ သည် မုရှောင်းရှောင်၏ အမူအရာ ပြောင်းလဲမှု အနည်းငယ်မှ သတိမထားမိပေ။
အန်းဇီရှင်း ပြောတာကိုကြားတော့ သူမ သူ့ကို သတိရသွားတာကြောင့် သူက ပြုံးပြီး
“ဟုတ်တယ်၊ ငါက အဲဒီကလေးပဲ”
လို့ပြောလိုက် လေသည်။
အန်းဇီရှင်း သည် သိသိသာသာ စိတ်လှုပ်ရှား နေခဲ့သည်။
ဘာလို့လဲဆိုတော့ သူမသည် ထိုကောင်လေးကို အမြဲသတိရနေခဲ့တား ကြောင့်ပင်။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...