Unicode
အပိုင်း - ၁၆၄ သူမကို မနာလိုဖြစ်အောင်လုပ်
"ဘယ်လိုဖြစ်တာလဲ! သခင်လေးကျဲက ပြတ်ပြီးသားကို ဘယ်တော့မှ နှစ်ခါပြန်မတွဲဘူးလေ!""အိုး ဟုတ်သား ၊ သခင်လေးကျဲရဲ့ နောက်ဆုံး ကောင်မလေးက ပထမနှစ် Sအတန်းက မုရှောင်းရှောင်မဟုတ်ဘူးလား?"
"ဟမ့် ၊ မုရှောင်းရှောင်က သခင်လေးကျဲကို တစ်ခုခုလုပ်ခဲ့လို့ စွန့်ပစ်ခံရတာဖြစ်မယ် "
ဒါကိုပြော နေကြတဲ့လူတွေက မုရှောင်းရှောင် သူတို့အနားမှာရှိနေနိုင်တယ်ဆိုတာ သတိမပြုမိကြ။
မုရှောင်းရှောင် စွန့်ပစ်ခံရတာကို ကြည်နူးနေတဲ့ ကောင်မလေးက"ဒီလိုဖြစ်လာမယ်ဆိုတာ ငါသိနေတယ်။ မုရှောင်းရှောင်က သူ့ကိုယ်သူ အရမ်းကြီး အရေးပါတယ်လို့ တွေးနေပေမယ့် သခင်လေးကျဲက သူမနဲ့နေဖို့ အရာအားလုံးကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။ သူမက နုံအလွန်းတယ်!"
"ဟုတ်တာပေါ့?"
တခြားသူတွေက ပဲ့တင်ထပ်ကာ လောင်စာဖြည့်ကြသည်။
"အို ဟုတ်သား၊ သခင်လေးကျဲကို သွေးဆောင်ဖို့အတွက်
မုရှောင်းရှောင်က မျက်နှာကို ပလပ်စတစ်ဆာဂျရီလုပ်ဖို့ ကိုးရီးယား ကို အထူးခရီးထွက်ခဲ့တယ်ဆိုပဲ ။ဒါဆို သူမရဲ့ ရင်သားတွေကလည်း အတုတွေပဲ ထင်တယ် ဟားဟားဟား..."မုရှောင်းရှောင် ဘေးမှာ ရပ်နေတဲ့ ဟန်ချီချင် ဒါကို သည်းမခံနိုင်တော့။ သူမရဲ့ ကလေးလေး ရှောင်းရှောင်အား ပြောချင်တိုင်းပြောနေတဲ့ သူတို့အား စိုက်ကြည့်ရင်း သူမမျက်နှာသည် ပြိုတော့မယ့် မိုးလို မည်းမှောင်နေသည်။
"ဘာတွေပြောနေတာလဲ၊ ပါးစပ်ပိတ်ထားကြစမ်း!"
ပျံ့လွှင့်လာတဲ့ အော်သံကြောင့် အတင်းပြောနေသော မိန်းကလေးများသည် အေးခဲသွားကာ နောက်ဆုံးတွင် သူတို့၏ အတင်းအဖျင်း ပြောခံရသူသည် သူတို့အနားတွင် ရှိနေကြောင်း သိလိုက်ရသည်။ နောက်ခံအင်အားတောင့်တဲ့ ဟန်ချီချင်ကြောင့် ကြောက်လန့်ပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကြသည်။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...