Unicode
အပိုင်း - ၁၃၄ သခင်ငယ်ကျဲ ၊ နောက်ကျောကနေ ဓားထိုးခံရ
မုရှောင်းရှောင် ဒီနေ့ ကျောင်းစတက်ချိန်မှာပဲ သူမထူးဆန်းတဲ့အရာတစ်ခုကို သတိထားမိလိုက်သည်။ သူမ ဝင်ပေါက်ကနေ
စ၀င်လာကတည်းက လူတွေက တိုးတီးတိုးတီးနဲ့ သူမကို ခိုးကြည့်ရင်း သူတို့ရဲ့ မနှစ်မြို့သလို အမူအရာတွေ နဲ့မျက်နှာကို တွန့်လိမ်နေခဲ့ကြသည်။မုရှောင်းရှောင် ဆပ်ကပ် ပြပွဲတစ်ခုက သူမမျောက်တစ်ကောင်လို ခံစားခဲ့ရတဲ့အပြင် စိတ်ကလဲ မသက်မသာဖြစ်လာရသည်။ ကြော်ငြာဘုတ်အနားဖြတ်သွားတော့ ယုကျန် က သူမဆီ ပြေးလာတာကို ရပ်ကြည့်နေလိုက်သည် ။ ထို့နောက် ယုကျန်က သူမကို ဆွဲခေါ်ပြီး
"ရှောင်းရှောင် ! ဒါကို မြန်မြန်လာကြည့်။ ဘာကိစ္စ တွေဖြစ်နေလဲဆိုတာ "
"ဘာလဲ?"
မုရှောင်းရှောင် က သူ့နောက်ကို လိုက်လာရင်း စိတ်ရှုပ်ထွေးနေပေမယ့် ကြော်ငြာဘုတ်ရှေ့မှာ လူအုပ်ကြီးက သူမကိုမြင်သည်နှင့်ဘေးသို့ ချဲသွားကာ သူမအတွက် လမ်းဖွင့်ပေးကြသည်
မုရှောင်းရှောင် မကောင်းတာတစ်ခုခုဖြစ်တော့မယ့် စိတ် ကြိုတင်သတိပေးချက် ရပြီး ကြော်ငြာဘုတ်ကို ကြည့်ရှုရန် လျှောက်သွားခဲ့သည်။ ကြော်ငြာဘုတ်ပေါ်တွင် ဓာတ်ပုံတစ်ပုံရှိသည်။ မနေ့က လုရိချန် နှင့် Blue Café တွင် ရယ်မောကာ မုန့်စားနေသည့်ပုံဖြစ်သည်။ ဓါတ်ပုံတောင် အရမ်းလှတာပဲ.....သို့သော် ဓာတ်ပုံကိုကြည့်ရုံဖြင့် သူမ ဖောက်ပြန် နေသည်ဟု အားလုံးက မြင်ကြမှာပင်
မုရှောင်းရှောင် အထိတ်တလန့်ဖြင့်
"ဒါကို ဘယ်သူတင်တာလဲ"
ယုကျန် က ခေါင်းခါပြီး ဖုန်းကို ထုတ်လိုက်ကာ
"ငါလဲ မသိရပါဘူး။ ဒါကိုကြည့်လိုက် ။ သူက ကျောင်း ဝဘ်ဆိုက် ဖိုရမ်ပေါ်မှာပါ တင်ထားတယ်။ ဒါပေမယ့် ခဏလေးအတွင်းမှာပဲ Share တဲ့လူတွေ အများကြီးဖြစ်နေပြီ ။ အခြေအနေကမကောင်းဘူး ရှောင်းရှောင်။ သူတို့အားလုံး
မင်း မကောင်းကြောင်း ကောလာဟလ တွေ လိုက်ဖြန့်နေတယ် ... "
STAI LEGGENDO
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
Storie d'amoreThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...