Unicode
အပိုင်း - ၂၄၃ သူ့အပေါ် ဘယ်လိုခံစားရလဲ (၁)"ဒါဆို အခုသွားလို့ရပြီမလား"
စုန့်ရှီကျွင်း သူ့ကို ပိတ်ရပ်ထားတဲ့ မိန်းကလေးနှစ်ယောက်ကိုကြည့်ပြီး မေးလိုက်သည်။
ဟန်ချီချင် က သူ့လက်ကို ခါလိုက်ပြီး
"သွား၊ သွား"
လို့ပြောလိုက်လေသည်။
စုန့်ရှီကျွင်း ယင်းရှောင်ကျဲ နောက်တွင် ရှိမရှိစစ်ဆေးလိုက်ပြီး တံခါးကိုဖွင့်ကာ အမြန်ထွက်လာခဲ့သည်။
မုရှောင်းရှောင် စုန့်ရှီကျွင်းပြောပြတဲ့ အဖြစ်သနပ်ကို တွေးရင်း အတွေးထဲတွင် နစ်မြှုပ်ပျောက်ဆုံးသွားခဲ့သည်။
ဒါဆို ယင်းရှောင်ကျဲက မိန်းကလေးတွေနဲ့ ပရောပရီလုပ်တတ်တဲ့ လူရှုပ်လူပွေ Play Boy တစ်ယောက် မဟုတ်ဘူးလား?
ဟန်ချီချင် မုရှောင်းရှောင်၏ မှိန်းမောနေတဲ့ မျက်နှာကို ကြည့်ပြီး သူမ ညဘာတွေးနေမှန်း သိနေသလိုပင်။
သူမ ပျော်ရွှင်စွာနဲ့ မုရှောင်းရှောင် ၏လည်ပင်းကို သိုင်းဖက်လိုက်ပြီး
"ကောင်းပြီ၊ ရေပူစမ်းမှာ စိမ်ဖို့အချိန်ရောက်ပြီ! ရှောင်းရှောင် ၊ ငါ့မှာ နင့်ကို မေးချင်တာတွေ ပြောချင်တာတွေ အများကြီးရှိသေးတယ်"
ဥပမာအားဖြင့်၊ ဒီကောင်မလေး ယင်းရှောင်ကျဲ အပေါ် မည်သို့ခံစားချက် ရှိသလဲဆိုတာကောပေါ့
မုရှောင်းရှောင် သည် တရုတ်နိုင်ငံသို့ ပြန်ရောက်ကတည်းက သူတို့ နှစ်ယောက် ဆက်ဆံရေး အရင်ကနဲ့မတူဘဲ များစွာ ပြောင်းလဲသွားပုံရသည်။
…
ရေနွေးငွေ့ မြူခိုးတွေကြားထဲက ရေပူစမ်းမှာ မိန်းကလေးနှစ်ယောက် ကိုယ်ပတ်ပုဝါနဲ့ သူမတို့ရဲ့ ခန္ဓာကိုယ်ကို ထုပ်ပြီး ရေကန်ထဲမှာ ထိုင်နေကြသည်။
ရေပူစမ်းကန်၏အစွန်းကို ကျောက်တုံးအလွှာများဖြင့် တည်ဆောက်ထားသည်။ ထို ကျောက်တုံး အလွှာများကို မှီကာ သက်တောင့်သက်သာ နေနိုင်ပြီး ရေငွေ့အပူချိန်ကို သေချာ ခံစားနိုင်သည်။
CZYTASZ
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomansThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...