အပိုင်း -၁၃၃

1.4K 120 1
                                    

Unicode

အပိုင်း -၁၃၃  သူမ သူ့ကို သဘောကျသည်။


မုရှောင်းရှောင်  လုရိချန်က ဖုန်းခေါ်တဲ့ သူဖြစ်နေမလားလို့ တွေးရင်း ခဏလောက် ဖုန်းကိုင်ရန် တွေဝေနေမိသည်။ သူမ ယင်းရှောင်ကျဲ ကို အလိုလို စိုက်ကြည့်ကာ ယင်းရှောင်ကျဲက  အမှတ်တမဲ့ ပြန်စိုက်ကြည့်တာနဲ့ တိုးသွာမိသည်။ သူ့အကြည့်တွေက အလွန်နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းကာ  သူမကို စားမလို ဝါးမလိုတွေကြည့်နေတာပင်

"မင်းဖုန်းမြည်နေတယ်။ မင်းဖြေရမှာမဟုတ်ဘူးလား။"

သူမကိုယ်သူမ စိတ်တည်တည်ငြိမ်ငြိမ်ထားရန် သတိပေးရင်း  မုရှောင်းရှောင် ဖုန်းကို ကိုင်ရုံမှတပါး ရွေးချယ်စရာမရှိပေ။
ဒါပေမယ့် ခေါ်ဆိုသူ ID ကိုတွေ့သောအခါ ခေါ်ဆိုသူသည် လုရိချန်မဟုတ်ဘဲ ဟန်ချီချင်  ဖြစ်နေသည် ။ ဒါကြောင့် သူမ  လေပူတွေကို သက်တောင့်သက်သာ မှုတ်ထုတ်လိုက်ပြီး ‌ယင်းရှောင်ကျဲကို ဖုန်း ဖန်သားပြင်ကို ရဲရဲဝံ့ဝံ့ ပြရင်း ပြုံးကာ

"ငါ့ အချစ်ကလေး ခေါ်နေတာ "

"အိုး..သူက ဘာလို့ ရုတ်​တရက်​ဖုန်းဆက်​ရတာလဲ? "

မုရှောင်းရှောင်  ထိုမေးခွန်းကြောင့် ထိတ်လန့်မိပြန်သည်။ အကယ်၍ သူမ ဟန်ချီချင် နှင့် အခုနက တွေ့ဆုံခဲ့ကြောင်း သူသိသွားပါက၊ သူမ လိမ်လည်ထားတာကို မိသွားလိမ့်မည်။

သူမက တုန်လှုပ်ချောက်ချားစွာ စကားထစ်အအနဲ့

"အိုး၊ ငါ ငါလဲ မသိဘူး... ဖုန်းအရင်ဖြေပါရစေ "

ဟန်ချီချင်  က သူမကို ဖော်ထုတ်လိုက်မှာကို သူမကြောက်တဲ့အတွက် သူမ ဆိုဖာပေါ်ကနေ ရေသွားယူဟန်ဆောင်ရင်း ရေခဲသေတ္တာဆီ လျှောက်သွားခဲ့သည်

" ဟဲလို အချစ်လေး "

"ရှောင်းရှောင် ! နင်နဲ့ လုရိချန်ကြားမှာ ဘာတွေဖြစ်နေတာလဲ? ၊ နင် သူ့ကို ဘယ်တုန်းက စတွေ့ခဲ့တာလဲ၊ သူက နင်နဲ့ ကော်ဖီဆိုင်မှာ ဘာလို့ မုန့် တူတူ စား နေရတာလဲ"

လို့ ဟန်ချီချင် က  အဆက်မပြတ် ရပ်ရွတ်သလိုမျိုး တရစပ်မေးခွန်းထုတ်လာသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Onde histórias criam vida. Descubra agora