Unicodeအပိုင်း -၂၄၆ ယင်းရှောင်ကျဲ ကိုယ်တိုင် သယ်ဆောင်သွားသည်
“အယ်! စောင့် စောင့်ဦး !"
ဟန်ချီချင်က တစ်ခုခုမှားနေတာကိုမြင်တော့ သူမ ကုလားထိုင်ပေါ်မှ ရေချိုးဝတ်စုံကို ဆွဲကိုင်ပြီး ကန်ထဲသို့ ခုန်ဆင်းသွားသည်။ ။
ရေပူစမ်းကန်ဘေးမှာ မြူခိုးတွေ ရှိနေပေမယ့် ရှင်းရှင်းလင်းလင်း မြင်နေရဆဲပင်။
ယင်းရှောင်ကျဲ ၏မျက်လုံးများကို ဖြူစင်သော အသားအရည်က ဖမ်းစားလိုက်သည်။
ဟန်ချီချင် သည် သူမကိုယ်နှင့် ကွယ်ချလိုက်ပြီး မုရှောင်းရှောင် ကို ရေချိုးခန်းဝတ်စုံဖြင့် ထုပ်ပိုးလိုက်သည်။
ယင်းရှောင်ကျဲ ကတော့ ဗြောင်ကျကျပင် ဟန်ချီချင် လုပ်နေသမျှကို ကြည့်နေသည် ။ လျှပ်တစ်ပြက်မျှသာ ဖြစ်သော်ငြား သူမ၏ ရင်ဘတ်ပေါ်ရှိ နှင်းဖြူလို ဖြူဖွေးတေတဲ့ အဖုနှစ်ခုသည် အလွန်ပြတ်သားကြည်လင်နေသည်။ သူ့စိတ်ထဲမှာ ချက်ချင်းကြီး စွဲထင်သွားပြီး မေ့မရနိုင်တော့ချေ။
ယင်းရှောင်ကျဲ မုရှောင်းရှောင် ကို ကိုင်ထားရင်းနဲ့ သူ့လက်ဖဝါးပေါ်က နူးညံ့တဲ့ အသားအရေကို သိသိသာသာ ခံစားလိုက်ရသည်။ သူမသည် ပူပြင်းသော စမ်းရေတွင်း၌ ရေစိမ်နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ယင်းရှောင်ကျဲ မုရှောင်းရှောင်ရဲ့ အသားရေက ကလေးရဲ့ အသားအရေထက်တောင် ပိုချောမွတ်ပြီး နူးညံ့နေတာကြောင့် လွှတ် ပေးလိုက်ဖို့ တွန့်ဆုတ်နေမိသာ်။
သို့သော် ဟန်ချီချင်က အော်ပြောလိုက်တာကြောင့် မုရှောင်းရှောင် ရေချိုးဝတ်ရုံဝတ်နိုင်စေရန် တုံ့ဆိုင်းစွာဖြင့် သူမကို လွှတ်ခဲ့လိုက်သည်။
ယင်းရှောင်ကျဲ သူ၏နှာခေါင်းကပါ ယားယံလာပြီး လျင်မြန်စွာ နှာချေလိုက်သည်၊ သူ၏ ကြော့ရှင်းသော မျက်နှာသည် နီရဲနေသည့် သံသယ ၀င်စရာကောင်းတဲ့ လက္ခဏာများ ပြသနေသည်။
"ယင်းရှောင်ကျဲ၊ ဟိုမှာ ရပ်လိုက်။ ငါ ရှောင်းရှောင် ထူပေးမယ် မြန်မြန်ကိုင်လိုက် ။ ငါသူ့ကိုကြာကြာမထိန်းနိုင်တော့ဘူး!"
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...