အပိုင်း ၂၇၄

671 47 1
                                    


Unicode

အပိုင်း ၂၇၄- တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုတွေ့ဆုံခဲ့ကြသလဲ။

မုရှောင်းရှောင် သည် ဤအရာများကို နားမလည်ခဲ့ပေ။။ ဒါပေမယ့် ယင်းရှောင်ကျဲခွဲခြမ်းစိတ်ဖြာချက်ကို ကြားပြီးနောက်မှာ ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားရတယ်။

ပထမဖြစ်နိုင်ချေကို သူမတွေးတောရင်း သက်ပြင်းချကာ

"ဒီကမ္ဘာမှာ ဘာလို့ဒီလိုအဖေတွေရှိနေရတာလဲ!"

သူမကိုယ်တိုင်သာ မမြင်ဖူးပါက၊ ဖခင်တစ်ဦးက သူ့သမီးကို ပိုက်ဆံအနည်းငယ်ဖြင့် ပြည့်တန်ဆာလုပ်ခိုင်းတာကို  သူမ ယုံမည်မထင်ပေ။

ယင်းရှောင်ကျဲ က

“ဒီကမ္ဘာမှာ လူမျိုးစုံရှိတယ်။ အံ့သြစရာတော့ မဟုတ်ပါဘူး။”

ဒီကလေးမလေးဟာ လူတိုင်းက သူမကို ချစ်စနိုးနဲ့ တစ်သက်လုံးကာကွယ်ပေး ခံထားရသည်။ဒီလို အကျည်းတန်တဲ့ အရာတွေကို သူမ ဘယ်လိုမြင်နိုင်မလဲ။

ဤကမ္ဘာကြီး၌ ပို၍ ညစ်ညူးကာ စက်ဆုပ်ဖွယ်ကောင်းသော အရာများ ရှိသည်မှာ အသေချာပင်

သို့သော် သူမသည် ဤအရာများအကြောင်းကို ဘယ်တော့မှ သိမည်မဟုတ်ဟု သူမျှော်လင့်ခဲ့မိသည်။

ဤအပျော်အပါးရပ်ကွက်များတွင် သမီးများကို ပြည့်တန်ဆာအဖြစ်ရောင်းစားခြင်းသည် အသစ်အဆန်းမဟုတ်ပေ။
တကယ်တော့ အဲဒီ့ထက် ပိုဆိုးတာတွေ ရှိခဲ့သည်။

သူမမျက်နှာကို ချစ်မြတ်နိုးစွာ ကြည့်လိုက်ပြီးတော့ ယင်းရှောင်ကျဲက သူမကို ဘားလိုနေရာမျိုးဆီ ထပ်မခေါ်သွားဖို့ စဉ်းစားနေမိသည်။

မိနစ်အနည်းငယ်အကြာတွင် သူတို့ ဆေးရုံသို့ ရောက်လာကြသည်။

အန်းဇီရှင်း ကို စစ်ဆေးပြီးနောက်တွင် သူမသည် အလွန်အမင်းစိတ်ဖိစီးနေပြီး အာဟာရချို့တဲ့နေကြောင်း ဆရာဝန်မှ အတည်ပြုချက် ထွက်လာသည်။

"အာဟာရချို့တဲ့  တာလား?"

မုရှောင်းရှောင်အနည်းငယ် အံ့သြသွားသည်။

ဆရာဝန်က ခေါင်းညိတ်သည်။
ထို့နောက် သူ မထွက်ခွာမီ သူနာပြုကို ဆေးသောက်ရန်အညွှန်းများ ညွှန်ကြားခဲ့သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now