အပိုင်း - ၁၉၅

1.2K 84 1
                                    

Unicode

အပိုင်း  -၁၉၅  သူငယ်ချင်းဆီမှာ တစ်စုံတစ်ခု  ဖြစ်


မုရှောင်းရှောင်ထွက်လာတာကိုမြင်တော့ ယင်းမားမား က သူမလက်ကို အလျင်အမြန် ဝှေ့ယမ်းပြီး

"ရှောင်းရှောင် မြန်မြန်လာ အသီးစား။ ဒီမှာ သမီးအကြိုက် စတော်ဘယ်ရီတွေ ရှိတယ်"

"ကောင်းလိုက်တာ!"

မုရှောင်းရှောင် လှပစွာ ပြုံးလိုက်ပြီး  လျှောက်သွားရင်း ယင်းမားမားက သူမကို နံဘေးမှာ  အတင်း ထိုင်ခိုင်းသည်။ ထို့နောက် အသီးအနှံပန်းကန်လုံးတစ်လုံးကို မုရှောင်းရှောင် လက်ထဲသို့ အပြည့် ထို့းထည့်လိုက်သည်။

"သူတို့ ချိုသလား စား ကြည့်။တခြား အသီးအနှံတွေလည်း ရှိသေးတယ်။စားချင်တဲ့ဟာသာ ပြောလိုက်"

ဟုဆိုကာ ယင်းမားမားကိုယ်တိုင် ကျွေးမွေးပြီး ချစ်ခြင်းများစွာကို ပြသခဲ့သည်။

"ကျေးဇူးတင်ပါတယ် ယင်းမားမား"

မုရှောင်းရှောင်  ပါးပါးကို လွမ်းတာကြောင့် နာကျင်သောခံစားချက်များက  ပျောက်သွားပြီး တဖန် ပြန်နွေးထွေးလာရသည်။

"သမီးတို့ နှစ်ယောက် ဒီည ဘယ်လိုအိပ်ကြမလဲ ကွန်ဒိုကို မပြန်နဲ့ တော့ ဟုတ်ပြီလား သမီးတို့ နှစ်ယောက်ရဲ့ အိပ်ခန်းက အဆင်သင့် ပြင်ထားပြီးသား။ နေ့တိုင်း သန့်ရှင်းရေးကို  တစ်ယောက်ယောက် အမြဲ လုပ်ခိုင်းထားတယ်။ သမီးတို့ နှစ်ယောက် ပြန်လာတဲ့  ဘယ်အချိန်မဆို အိပ်လို့ရအောင်ပေါ့ "

မုရှောင်းရှောင်  ရုတ်တရက် ဟတ်ထိသွားသည် ။ ယင်းမားမားက သူမတို့အတွက်  ဒီလို အများကြီးလုပ်ပေးထားမယ်ဆိုလို့ သူမမသိခဲ့ဘူး။

"ဟုတ်ကဲ့  ကျဲရော  ဘယ်​မှာလဲ၊ ဘဘယ်ရောက်သွားတာလဲ"

သူမ သန့်စင်ခန်းထဲက ထွက်လာတော့ သူ့ကို မတွေ့ရတော့ပေ။ သူမကို ဒီမှာ တစ်ယောက်တည်း ထားခဲ့တာတော့ မဟုတ်ဘူးမှတ်လား။

ယင်းမားမား က

" အ‌စောနကတောင် ဖုန်းပြောနေသံကြားရ သေးတယ် ။ အရေးတကြီးကိစ္စလား မသိပါဘူး ။ ဟော ဟိုမှာ လာပါပြီ "

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now