Unicodeအပိုင်း -၁၄၇ အနိုင်ကျင့်ခံရခြင်းကြောင့် စောင့်ရှောက် ပေးခြင်း။
မုရှောင်းရှောင် ဟန်ချီချင်ရဲ့ သူမ၏ စကားကြောင့် အနည်းငယ် ရှက်သွားမိသည်။ သို့သော် မမျှော်လင့်ဘဲ၊ယင်းရှောင်ကျဲက ရုတ်တရက် သူမကို ပွေ့ဖက်လိုက်ပြီး သူမ၏ပါးပြင်ပေါ်တွင် အနမ်းတစ်ခု ခြွေချလိုက်သည်။
သူက ဟန်ချီချင်အား မျက်ခုံးမွှေးတွန့်ပြကာ
"ရှောင်းရှောင် နဲ့ ငါ့ရဲ့ ဆက်ဆံရေးက ဘာလဲ မင်းသိလား? "
ယင်းရှောင်ကျဲ ကမေးလာသည့် အတွက်
"နင်တို့ရဲ့ဆက်ဆံရေးကဘာလဲ"
ဟန်ချီချင် သည် စိတ်ရှုပ်ထွေးပြီး သိချင်သွားရသည်။ ယင်းရှောင်ကျဲက ပြုံးပြီး
"ငါတို့ စေ့စပ်ထားပြီးပြီ၊ အခု ရှောင်းရှောင်က ငါ့ရဲ့ စေ့စပ်ထားတဲ့ သတို့သမီးလောင်းပဲ၊ ငါတို့ တံခါးပိတ်ပြီး ဘာပဲလုပ်လုပ် ဖြစ်သင့်တာပဲ!"
ဟန်ချီချင်အံ့သြသွားမိသည်။
"ဘာ? နင်တို့ စေ့စပ်ထားတာ ဘယ်တုန်းကတည်းကလဲ? "
မုရှောင်းရှောင်က "ငါ ပြန်ရောက်ပြီး ခဏနေတော့ စေ့စပ်လိုက်ရတာ ... တကယ်တော့ လူကြီးတွေက ငါတို့တောင် မသိတဲ့ စေ့စပ်ပွဲလုပ်တာ"
ထိုစဉ် သူမကို တစ်စုံတစ်ယောက်က ခါးကို ပိုပြီး တင်းတင်းကြပ်ကြပ် ပိုဖက်ထားလိုက်သည်။
ယင်းရှောင်ကျဲ က ဟန်ချီချင်ကို
"ဒါဆို မင်းအခုထွက်သွားလို့ရမလား? ၊ ငါတို့ကို ဆက်ပြီး မနှောင့်ယှက်နဲ့"
ဟန်ချီချင် ထိုသတင်းကြောင့် အရမ်းကြီး တော့ အံ့အားမသင့်မိ၊ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးသည် ငယ်စဉ်ကတည်းက ကောင်းမွန်သောဆက်ဆံရေးရှိသောကြောင့်ဖြစ်သည်။
ငယ်သူငယ်ချင်းများ အနေဖြင့် တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်ဆော့ကစားရင်း အချိန်များစွာ ကုန်ဆုံးခဲ့ကြသည်။
သူတို့နှစ်ယောက်အတူရှိသွားဖို့ ဆိုတာ မျှော်လင့် ပြီးသားပင်
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...