Unicodeအပိုင်း -၂၆၆ သေးငယ်သော အစီအစဉ်
“အင်း စားမယ် ”
ယင်းရှောင်ကျဲ က မုရှောင်းရှောင် ဘေးကကောင်မလေးတွေကို တင်းမာစွာ စိုက်ကြည့်ရင်း တည်ငြိမ်စွာ ပြန်ဖြေသည်။
"ဒီကောင်မလေးတွေက မင်းကို ဘာလို့ဝိုင်းအုံနေတာလဲ"
မုရှောင်းရှောင် ဒီ မိန်းကလေးများနှင့် ငြင်းခုံရန် မလိုသောကြောင့် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမက
"ဘာမှမဟုတ်ပါဘူး"
ဟုဆိုသည်။
"တကယ်လား တကယ် ဘာမှမဟုတ်ဘူးလား"
ယင်းရှောင်ကျဲသည် သူမအား အနိုင်ကျင့်ခြင်းရှိမရှိ စစ်ဆေးနေသကဲ့သို့ မျက်လုံးများကို စစ်ဆေးနေသည်။
မုရှောင်းရှောင် က သူဘာကိုဆိုလိုသလဲဆိုတာကို သူ့အပြောအဆိုကနေ နားလည်သွားပုံရပြီး သူမက ဒေါသတကြီးနဲ့
“ဟေး! ငါ့ကို လျှော့မတွက်နဲ့ ဟုတ်ပြီလား။ ငါက တစ်ချိန်လုံး အနိုင်ကျင့်ခံရဖို့ အားနည်းနေလို့လား။ ကျဲ နင် ငါ့ကို အချိန်တိုင်း လာကယ်ဖို့ လိုအပ်သလား။
ယခင်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နှစ်ခုက ခြွင်းချက်
နောက်ထပ် ဤမိန်းကလေးများသည် နူးညံ့ပျော့ပျောင်းကြသည်။ သူမကို သူတို့ ဘယ်လိုလုပ် အနိုင်ကျင့်လို့ရမှာလဲ။
ဟာသပဲ!ယင်းရှောင်ကျဲ က သူ့ဆံပင်တွေကို ပွတ်ဖို့ သူ့လက်ကို ဆန့်တန်းလိုက်တယ်။ သူ့နှုတ်ခမ်းသွယ်သွယ်က သူပြောသည့်အတိုင်း ပြုံးကာ
“ကောင်းပြီ။ ငါ မင်းကို မလျှော့တွက်ဘူး။ ဟုတ်ပြီလား ငါတကယ်သွားရတော့မှာ"
"နင် ဘယ်သွားမလို့လဲ အတိအကျ ပြော"
မုရှောင်းရှောင် မနေနိုင်ဘဲ မေးလိုက်မိသည်။
တကယ်တော့ အရင်တုန်းက ယင်းရှောင်ကျဲ ဘယ်သွားပြီး ဘာလုပ်မလဲလို့ မေးခဲသည်။ သို့သော် သူ့အပေါ်ထားရှိသော ခံစားချက်များ ပြောင်းလဲသွားသည်ကို သူမ သိလိုက်ကတည်းကပင် သူမသည် ယင်းရှောင်ကျဲနဲ့ ပတ်သတ်တဲ့ ရှုထောင့်တိုင်းကို ဂရုစိုက်လာမိပုံရသည်။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...