Unicode
အပိုင်း - ၁၁၄ သူမ၏အဆင့်အတန်းကိုလူတိုင်းအားကြေငြာသည်
တောတွင်း ရာဇဧကရာဇ်တစ်ပါးကဲ့သို့ ယင်းရှောင်ကျဲ ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ့ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်ရှုလိုက်သည်။ ပြီးမှ သူကအသံကို အားလုံးကြားရ အောင် နဂိုပြောနေကျ လေသံအေးစက်စက်ထက် နဲနဲမြှင့်လိုက်ပြီး
"သူက ငါ့မိန်းမ(ဇနီး) ပဲ ၊ ရှင်းလား? "
ခဏလေးအတွင်းမှာပဲ ဟန်ရွှယ်အာရဲ့ မျက်နှာက ချက်ချင်းပင် ဖြူဖျော့လာ လေသည်။
ကျောင်းဆောင်အနီးမှာရှိတဲ့ လူအုပ်ကြီးက အားလုံးအံ့အားသင့်သွားကြသည်။ တချို့က သူတို့ မျက်လုံးကြီး ပြုးကာ အံသြနေကြပြီး (သို့) တချို့က ပါးစပ်ကိုကျယ်ကျယ်ဖွင့်လျက် ကြားလိုက်ရတဲ့ စကားက အမှန်မဟုတ်သလို ယင်းရှောင်ကျဲကို မယုံနိုင်စွာ ကြည့်နေကြသည်။
ခဏအတွင်း လေထုက တိတ်ဆိတ်ဆိတ်ငြိမ်သွားပြီး
သစ်ပင်ပေါ်မှငှက်တွေရဲ့အသံများကိုသာကြားရသည်။ဖြစ်ပျက်နေကြတဲ့ လူအုပ်ကြီးကို ယင်းရှောင်ကျဲ ကြည့်ကာ ရယ်လိုက်ပြီး ဒီလူတွေကိုဂရုမစိုက်တော့ဘဲ မုရှောင်းရှောင်ကို ကျောင်းဆေးခန်းဆီ ခေါ်သွား တော့တယ်။
သူတို့နှစ်ယောက် လူအုပ်ကြီးနဲ့ အကွာအဝေးတစ်ခုကို ရောက်တဲ့အခါမှ မုရှောင်းရှောင်က သူ့ကိုကျဉ်းမြောင်းတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးမကျေမနပ်နဲ့
"နင် ဘာလို့ ဒီလိုပြောလိုက်ရတာလဲ ? ... "
အပြစ်တင်သံ ယဲ့ယဲ့ကြောင့် ယင်းရှောင်ကျဲ မကျေမနပ်နှင့်သူမကိုကြည့်ပြီး
"ဘာလဲ၊ မင်း ငါတို့ရဲ့ဆက်ဆံရေးကိုထပ်ပြီးငြင်းချင် သေးတာလား "
ဟုတမင်တကာ ထေ့ငေါ့ပြောလိုက်တော့သည်။
"မဟုတ်ဘူးလေ!"
မုရှောင်းရှောင် သူ့စကားကြောင့် အနည်းငယ်အပြစ်ရှိသလိုခံစားနေရပြီး ထပ်လုပ်ရန်မတွေးဝံ့တော့ချေ။ ဒါပေမယ့် သူမက
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...