အပိုင်း - ၁၄၅

1.6K 140 3
                                    

Unicode

အပိုင်း -၁၄၅ အဲမှာပဲ ရပ်နေ မလှုပ်နဲ့


သူ အပြင်ကို စပြီး လမ်းလျှောက်လာမှပဲ  မုရှောင်းရှောင် ကို ရှာသင့်တာကို သတိရမိသည် ။ စိုးရိမ်သောကဖြင့် စောစောက ကျောင်းဆေးခန်းကို ပြေးလာခဲ့ပြီး သူမ မရှိတော့ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

မုရှောင်းရှောင် မင်းဘယ်ရောက်နေတာလဲကွာ 

တီးတိုးရေရွတ်မှုသာ လေပြေက သယ်ဆောင်သွားလေသည်။

မုရှောင်းရှောင် ကျောင်းဆောင်နားသွားပြီး ရှာဖို့ လုပ်ရင်း ဖုန်းထုတ်ကာ ဆက်လိုက်တော့ မုရှောင်းရှောင် ရဲ့ ဝမ်းသာတဲ့အသံက

"ကျဲ ! နင် စိတ်မဆိုးတော့ဘူး မဟုတ်လား?"

အားမရှိတဲ့  ဖြေသံဖျော့ဖော့ကြောင့် ယင်းရှောင်ကျဲ နှလုံးတစ်ချက်ခုန်သွားကာ

"မင်းက အရူးပဲ!"

  မုရှောင်းရှောင်က ဒေါသတကြီးနဲ့

"နင် ငါ့ကိုဘာလို့ ကြိမ်းမောင်းနေရတာလဲ။ နင့်ရဲ့ဒေါသပြေအောင် ငါဘာလုပ် ပေးရမှာလဲ၊ ငါရှင်းပြနိုင်တယ် - နင် ငါ့ကို တကယ် စိတ်ဆိုးချင်တာလား မဆုံးဖြတ်ခင် ငါ့စကားကို နားထောင်ပါ ဟုတ်ပြီလား"

ယင်းရှောင်ကျဲက  စိတ်မရှည်သော စရိုက်ရှိသည်။   မုရှောင်းရှောင်စကားကို လမ်းလျှောက်ရင်းလျစ်လျူရှုလိုက်ကာ

"မင်း အခုဘယ်မှာလဲ"

"ကါရောက်နေတာက…"

ယင်းရှောင်ကျဲ က သူ့ခေါင်းကို မော့ပြီးကြည့်လိုက်တော့ အဝေးက သူမကို မြင်လိုက်ရသည်။ သူသည် တစ်စက္ကန့်မျှ ရပ်တန့်သွားပြီး သူမဆီသို့ အမြန်လျှောက်လာခဲ့လိုက်သည်။

"ငါမင်းကိုတွေ့တယ်။အဲမှာမှာနေ၊ မလှုပ်နဲ့!"

လောနေတဲ့ အရှိန်ကြောင့် သူ  အော်သံနဲနဲပါသွားရသည်။

သူ့အော်သံကြောင့် တုန်လှုပ်ခြောက်ခြားသွားသော  မုရှောင်းရှောင်သည် သူမ၏ မူလနေရာမှာပဲ  ကြောင်တက်တက်ဖြင့် ရပ်နေလိုက်မိသည်။ ထို့နောက် သူရောက်ရှိလာသည်ကို ခံစားမိပြီး သူ ရှိရာဆီသို့ နောက်လှည်ကြည့်လိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now