အပိုင်း - ၁၆၀

1.3K 88 0
                                    

Unicode

အပိုင်း - ၁၆၀ နင် ယင်းရှောင်ကျဲကို ကြိုက်နေလို့။

"ဘာ​ပြော​နေတာလဲ မဟုတ်​ဘူး!"

မုရှောင်းရှောင် မက်ဆေ့ချ်ကို ဖွင့်မဖတ်မီ သူမ ယေဘုယျ ကြောင်းပြချက် မပေးဘဲ ပြန်ပြီး ခွန်းတုန့်ပြန်လိုက်သည်။

ဟန်ချီချင် သည် မုရှောင်းရှောင် ၏ စိတ်လှုပ်ရှားနေသော အမူအရာ ရုန်တရက် တိမ်မြုပ်သွားသည်ကို မြင်လိုက်ရသည်။

"ဘာဖြစ်တာလဲ ယင်းရှောင်ကျဲ နင့်ကို ထပ်ပြီး စိတ်ဆိုးအောင် တစ်ခုခုပြောပြန်ပြီလား"

သူမ စူးစူးဝါးဝါး မုရှောင်းရှောင်ကို စိုက်ကြည့်လိုက်သည်

"ယင်းရှောင်ကျဲ နင်က ရူး နေတာပဲ..."
မုရှောင်းရှောင်က ဖုန်းကို ကောက်ကိုင်လိုက်ပြီး မက်ဆေ့ချ်ပို့တဲ့သူဟာ ယင်းရှောင်ကျဲ  မဟုတ်ပေမယ့်   စာပို့တဲ့သူကဘ လုရိချန် ဖြစ်နေတာတောင် မုရှောင်းရှောင် ရဲ့ မျက်နှာက မပျော်မရွှင် ဖြစ်နေပါတယ်။ သူမပုံစံကို ကြည့်ပြီး  ဟန်ချီချင် ရဲ့ အမူအရာ နည်းနည်းပြောင်းလဲသွားသည်။

"ရှောင်းရှောင်  နင် လုရိချန်နဲ့  တအား ရင်းနှီးနေတာလား? "

" အဆင်ပြေပါတယ်"

လို့ မုရှောင်းရှောင်  က မှုန်ကုပ်ကုပ်နဲ့ ပြန်ဖြေလာသည်။

ဟန်ချီချင် က တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး

"ဟား၊ ငါ အခု ယုံသွားပြီ။ လုရိချန် အတွက် နင်တကယ် ခံစားချက်မရှိဘူး!"

နောက်ဆုံးတွင် ဟန်ချီချင်သည် သူမ၏ နှလုံးသားအပေါ် သက်ရောက်နေသော သံသယများကို စွန့်လွှတ်နိုင်ခဲ့သည်။

မုရှောင်းရှောင်  သည် သူမ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး သူမသည် တစ်ချိန်တည်းတွင် တူညီသောလူကို မကြိုက်ချင်ခဲ့ပေ။ မုရှောင်းရှောင်  က သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကာ

"အဲဒါကို ငါပြောပြီးပြီ မဟုတ်ဘူးလား၊ နင်တို့အားလုံးက ငါ သူ့ကို သဘောကျတယ်လို့ ဘာလို့ ထင်နေကြတာလဲ၊ ငါက သူ့ကို လေးစားပြီး သူ့သူငယ်ချင်း ဖြစ်ချင်နေတာ၊ ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား။"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now