Unicode
အပိုင်း - ၁၁၃ တစ်ယောက်ကိုတစ်ယောက်နားလည်နေ
ဟန်ရွှယ်အာ သူမကို စိတ်အနှောင့်အယှက်ဖြစ် စေတဲ့ မုရှောင်းရှောင် အပေါ် အပြစ်အကုန်ပုံချရင်း သူမ အသိဥာဏ်များဆုံးရှုံးလုနီးပါးဖြစ်သွားပြီ ရိုက်ရန် ရွယ်လိုက်သည်။
ယင်းရှောင်ကျဲကတော့ မုရှောင်းရှောင်အား ဒေါသတကြီး ရိုက်ဖို့ပြင်နေတဲ့ ဟန်ရွှယ်အာရဲ့ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဖမ်းကိုင်လိုက်ပြီး
"မင်းသူ့ကို ထိရဲတယ်လား? ။ မင်းသေချင် နေတာလား"
ဟု ဒေါအပြည့်နဲ့ ပြငထန်စွာ အော်ဟစ်တော့သည်။
"နာတယ် ... နာတယ် ... "
ဟန်ရွှယ်အာနာကျင်မှုကြောင့် မျက်ရည်များကျလာရသည်။ သူမက ချမ်းသာတဲ့မိသားစုက အလိုလိုက်ခံရတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဒီလိုမျိုးနှိပ်စက်တာကိုတစ်ခါမှမခံခဲ့ရဖူးပါဘူး။ ဒါတင်မကပဲ သူမကို ဒီလိုလုပ်တာ သူမ ကြိုက်ပြီး အထင်ကြီးလေးစားရတဲ့ မင်းသားလကိုယ်တိုင်ပင် ။
ဒါပေမယ့် ယင်းရှောင်ကျဲက ဘယ်သူမို့လို့တုန်း
မုရှောင်းရှောင်လိုမျိုး သူမရဲ့မျက်ရည်များက ယင်းရှောင်ကျဲကို တစ်စက်ကလေးတောင် မတုန်လှုပ်စေခဲ့။ထိုအချိန် မုရှောင်းရှောင်က ယင်းရှောင်ကျဲ သူမကြောင့်တစ်စုံတစ်ယောက်အား အမှန်တကယ် ထိခိုက်ဒဏ်ရာရ စေမည်ကိုစိုးရိမ်သဖြင့် သူ့ကိုရပ်တန့်ရန် လက်လှမ်းလိုက်သည်။
ဒါပေမယ့် တားရန် သူမလက်မောင်းကို မြှင့်လိုက်တဲ့အခါ သူမ ရုတ်တရက် နာကျင်စွာအောင့်လာပြီး
"အာ့ အား နာလိုက်တာ "
ဆိုပြီးအော်လိုက်မိတယ်။
"ဘာဖြစ်တာလဲ?"
မုရှောင်းရှောင်ရဲ့ အော်သံကို သတိပြုမိသွားတဲ့ ယင်းရှောင်ကျဲက ဟန်ရွှယ်အာကို ရုတ်တရက်ဘေးသို့ တွန်းထုတ်ပစ်လိုက်သည်။
ယင်းရှောင်ကျဲ မုရှောင်းရှောင်ကို ရုတ်တရက် ပွေ့ချီလိုက်ပြီးကြည့်လိုက်တော့ သူမရဲ့ လက်မောင်းနဲ့ လက်ဖဝါးမှာ တွင်ဒဏ်ရာရထားပြီး သွေးများကလဲ ကြောက်စရာကောင်းစွာ ထွက်နေခဲ့သည်။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...