အပိုင်း - ၂၁၉

958 64 1
                                    

Unicode
အပိုင်း -၂၁၉ ပိုင်မိန်ကျောင်းကို ဘယ်လိုအပြစ်ပေးချင်လဲ ဆိုတဲ့ မေးခွန်း

မုရှောင်းရှောင် သူမသိလိုက်ရတဲ့ အမှန်တရားနဲ့ ပတ်သတ်ပြီး အတော်လေး လောကကြီး ရက်စက်တတ်မှုကို သဘောပေါက်လာပြီး ဖြစ်သည်။ယင်းရှောင်ကျဲ ကို  အသာ စိုက်ကြည့်ရင်း သူမခေါင်းပေါ်တင်ထားတဲ့ သူ့လက်ကို ဖယ်လိုက်သည်။

"ငါသိတယ်။ ငါ့အပြစ်လို့ မထင်ဘူး။"

ပိုင်မိန်ကျောင်းက သူမကိုမုန်းတီးပြီး သူမအန္တရာယ်ဖြစ်စေချင်တာက သူမအပြစ် ဘယ်လိုလုပ်ဖြစ်မှာလဲ။

သူမသည်လဲ  မိမိကိုယ်ကိုကလွဲပြီး သူတပါးကို တအား အလွယ်တကူ သနားညှာတာတတ်သော အမျိုးအစားမဟုတ်ပေ။

မုရှောင်းရှောင် ဟန်ချီချင် နှင့် စုန့်ရှီကျွင်းကိုကြည့်ရင်း   
"စိတ်လျှော့ပါ၊ ငါအဆင်ပြေပါတယ်။ အမှန်တရားကို သိလိုက်ရဝော့ နဲနဲ တုန်လှုပ်ပြီး စိတ်မကောင်းဖြစ်သွားရုံပါ "

လို့  အားလုံး စိတ်သက်သာသွားအောင် းပြောလိုက်သည်။

ရန်ငြိုးလဲမရှိဘဲ  ကြိမ်ဖန်များစွာ သူမကို ဒုက္ခပေးဖို့ ကြိုးစားနေတာကြောင့် စိတ်မကောင်းဖြစ်သလို ခံစားရတာ ပုံမှန်ပဲ မဟုတ်လား။

ဟန်ချီချင် က ပြန်ပြုံးပြရင်း

" နင် အဆင်ပြေရင် ပြီးတာပါပဲ "

စုန့်ရှီကျွင်းလည်း  စိတ်သက်သာရာရသွားကာ မုရှောင်းရှောင် အတွက် စားစရာတစ်ခုကို ရွေးထုတ်လိုက်သည်။

"ဒီမှာ ရော့ ။ စားချင်စိတ်နဲ့ ဒေါသကို အစားထိုးလိုက်ပါ။ ဒီအမဲသားလွှာက တော်တော်အရသာရှိတယ်၊ စားကြည့်ပါဦး။"

မုရှောင်းရှောင် သည် သူမ၏ လက်ချောင်းများကို အသုံးပြု၍ သူ့အား တွန်းထုတ်လိုက်သည်။

"အဲဒါ မစားဘူး!  နင့် တူက တံတွေး တွေနဲ့ ပေနေမှာ ပေါ့"

ဟု နောက်ပြောင်ပြောဆိုလိုက်သည်။

စုန့်ရှီကျွင်းက သူ့ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်ကာ နာကျင်ဟန်ဆောင်လိုက်ပြီး  အခြားရွေးချယ်စရာမရှိသဖြင့်၊ သူ၏တူနှစ်ချောင်းကြားရှိ အမဲသားလွှာဖြင့် ဟန်ချီချင် ကို လှည့်ကြည့်လိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now