အပိုင်း - ၂၃၀

1K 72 0
                                    

Unicode

အပိုင်း -၂၃၀ ရိုမန့်ဆန်တဲ့ စုံတွဲရဲ့ ချစ်ပြနေမှု


ယင်းရှောင်ကျဲ သူ၏ ပြိုင်ကားလေးကို စတင်နှိုးလိုက်ကာ ရွှင်မြူး‌စွာ လေချွန်ရင်း မုရှောင်းရှောင်ဘက်သို့ လှည့်ကာ

"ပိတ်ရက်ရောက်ပြီ၊ အလည်အပတ်သွားချင်လား"

ဟု မေးသည်။

"ဘယ်ကိုလဲ?"

မုရှောင်းရှောင်လို အပြင်ထွက်ပျော်ပါးရတာ နှစ်သက်သူက စိတ်မဝင်စားပုံဖြင့် ပြန်မေးသည်။

ယင်းရှောင်ကျဲ ခဏလောက်စဉ်းစားပြီး

"ဒီနှစ်အနည်းငယ် အတွင်း မင်း ဒီကို ပြန်မလာတာကြာပြီ။ အသစ်ဖွင့်ထားတဲ့ ရေပူစမ်းဗီလာအိမ်လေးရှိတယ်၊ မင်း မရောက်ဖူးဘူး မှတ်လား"

"ရေပူစမ်းဗီလာအိမ်လား။ အဲဒါက ရေပူစိမ်တဲ့ နေရာတစ်ခုပဲ မဟုတ်ဘူးလား "

မုရှောင်းရှောင်သည် ကားပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်ရင်း သူမကမ္ဘာထဲတွင် သူမ နစ်မြောနေပုံရသည်။

ယင်းရှောင်ကျဲ က အလျော့မပေးဘဲ ဆက်ပြောလာသည်။

"အဲဒီလိုပဲ မဟုတ်ပါဘူး၊ နှင်းဆီပန်း ဒါမှမဟုတ် ပန်းတစ်ခုခုကို ကိုယ်တိုင်ကိုယ်ကျ ရွေးပြီး ရေပူစမ်းထဲကို ထည့်လို့ရတဲ့ကန်လဲ ရှိတယ် ၊ မိန်းကလေးတွေကြား ရေပန်းစားတဲ့ ရေပူစမ်းအိမ်ပါ ၊ ပြီးတော့ အရသာရှိတဲ့ အစားအစာတွေ အများကြီးရှိတယ်။ စတော်ဘယ်ရီသီးတွေကို လက်နဲ့ ကိုယ်တိုင်ခူးပြီး နေရာလဲရှိတယ်၊ တခြားပျော်စရာတွေလည်း အများကြီးရှိတယ် ၊ ဘာပဲဖြစ်ဖြစ် အဲဒီရေပူစမ်းအိမ်က အရမ်းနာမည်ကြီးတယ်။"

ယင်းရှောင်ကျဲ မုရှောင်းရှောင်စိတ်၀င်စားအောင် အများကြီး ပြောပြီးမှ

" ဒါပေမယ့် မင်း မသွားချင်ရင်လဲ မသွားတော့ဘူး ..."

နှင်းဆီပန်းတွေ ရှိနေတာကို ကြားတာနဲ့ မုရှောင်းရှောင်ရဲ့ စိတ်ဝင်စားမှုက မြင့်တက်လာတာပင်။ စတော်ဘယ်ရီသီး တွေ ကိုယ်တိုင်ခူးလို့ရတယ်လို့ ပြောတာကို သူမကြားလိုက်တဲ့အခါ
သူမရဲ့ မျက်လုံးတွေက ချက်ချင်းကိုပဲ တောက်ပလာသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now