Unicode
အပိုင်း -၂၄၉သူကငါ့ကိုကူညီချင်တာလား? သူ ငါ့ကိုဘယ်လိုကူညီမှာလဲ?
သူလုပ်ပေးနိုင်တာက လေအေးပေးစက်က လေ ပိုအေးသည့်နေရာကိုသာ ပြောင်းပေးနိုင်သည်။ဒါမှမဟုတ် ငါသရုပ်ဆောင်နေတာ သူ ရိပ်မိသွားပြီလား။
သူက ငါ့ကို စမ်းသပ်နေတာလား။
ဒီလိုဆိုရင် ကိုယ့်ကိုကိုယ် ထုတ်ပြောလို့ မရဘူး။ ဆက်ပြီး ဟန်ဆောင်ပြီး ပိုယုံကြည်လာအောင်လုပ်ရမယ်။
မုရှောင်းရှောင် တွေးရင်း တီဗီထဲတွင် အရက်မူးသူများ မည်ကဲ့သို့ ပြုမူသည်ကိုပါ ဆက်တွေးနေလိုက်သည်။
မူးနေတဲ့ လူတွေက သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ပေ ။
ဟုတ်တယ် ငါလဲ အဲလို လုပ်ရမယ်!မုရှောင်းရှောင်သည် မျက်လုံးများကိုမှိတ်ထား၍ ဘာကိုမှ မမြင်နိုင်သလို ယင်းရှောင်ကျဲ ၏ရင်ဘတ်ကို မှန်းပြီး သူမလက်က ရှပ်အင်္ကျီကို မဆင်မခြင် ဆွဲယူလိုက်ပါသည်။
“ကျဲ …ကျဲ ။ ငါ သိပ်အဆင်မပြေဘူး…”
ထို့နောက် သူမသည် ရုတ်တရက် သူ့လည်ပင်းကို ပွေ့ဖက်လိုက်သည် ။
နှစ်ယောက်သား အလွန်နီးကပ်နေပြီဆိုတာ သူမ ကိုယ်တိုင် မသိလိုက်
ယင်းရှောင်ကျဲ သည် သူမ၏ နီမြန်းနေသော မျက်နှာကို အနီးကပ် စိုက်ကြည့်နေသည်။ အထူးသဖြင့် အရသာရှိတဲ့ ပျားရည်လိြချိုကာ မက်မွန်သီးလို အနီရောင်ရှိတဲ့ နှုတ်ခမ်းလွှာတွေကိုပင်
မုရှောင်းရှောင်ခန္ဓာကိုယ်မှ နုပျိုသော ရနံ့ကို သူ သိသိသာသာ အနံ့ခံနိုင်သည်။ အနံ့အသက်က အလွန်ကောင်းပြီး သူ့ကို ယုတ်ညံ့မှုထဲ နစ်မြုပ်သွားစေသည်။
ဒီကောင်မလေး သူမကိုယ်သူမ အခု ဘယ်လောက်ချစ်စရာကောင်း နေလဲဆိုတာ သိရဲ့လား
ရုတ်တရက် သူ့စိတ်ထဲမှာ ပြင်ပြင်းထန့ မကောင်းစိတ်တွေ ပေါ်လာသည်။
ဒီ Honey Peach က ဘယ်လောက်အရသာရှိလဲ သူသိချင်တယ်။
ယခင်က သူမကို နမ်းသည့်အရသာကို ပြန်သတိရမိကာ သူ့စိတ်ရိုင်း တွေကို မထိန်းနိုင်ဘဲ ပိုတောင့်တမိစေသည်။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...