Unicodeအပိုင်း - ၁၄၄ ဒီကောင်မလေး ဒီထက် ပိုပြီး မရူးလို့ မရဘူးလား?
ကျောင်းဆေးခန်းသို့ရောက်သောအခါ ယင်းရှောင်ကျဲ သည် ခုတင်ကဗလာကျင်းနေသည်ကို တွေ့လိုက်ရသည်။ မုရှောင်းရှောင်၏ အရိပ်အယောင် လုံး၀မရှိခဲ့ယင်းရှောင်ကျဲ မျက်ခုံးများကို ရှုံ့လိုက်ရင်း ဟန်ချီချင်က သူ့ကို လှည့်စားခဲ့တယ်လို့ သံသယရှိလိုက်ပေမယ့် သူ မစိုးရိမ်ဘဲ မနေနိုင်။ ထိုအချိန်တွင် ဆရာဝန်တစ်ဦး သူ့ရှေ့က ဖြတ်သွားခဲ့သည်။ ဒါကြောင့် သူ့လမ်းကြောင်းကို ပိတ်ဆို့ပြီး
"မုရှောင်းရှောင် က ဘယ်မှာလဲ၊ သူမ အနားယူနေတာ မဟုတ်ဘူးလား?"
တိုက်ဆိုင်စွာပင်၊ ထိုဆရာဝန်သည် စောစောက မုရှောင်းရှောင် ကို စစ်ဆေးခဲ့သောကြောင့် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူ့ရှေ့တွင် ရှိနေသူက သခင်ငယ်ကျဲ ဖြစ်သည်ကို သိရှိပြီးနောက်၊
"သခင်ငယ်ကျဲကဘ ဘောလုံးမှန်သွားတဲ့ မိန်းကလေးအကြောင်း ပြောနေတာလား? "
ယင်းရှောင်ကျဲ နှလုံးသည် ရုတ်တရက်ကြီး တင်းကျပ်လာသည်။ ဟန်ချီချင် မလိမ်ညာခဲ့ပုံရသည်။ ထိုလူဆိုးမလေး မုရှောင်းရှောင် သည် အမှန်တကယ်ပင် ဘောလုံးထိမှန်သွားခဲ့သည်။ဒီကောင်မလေး ဒီထက် ပိုပြီး မရူးလို့ မရဘူးလား?
ဘောလုံးပစ်ခံရလို့ ဒဏ်ရာ ပြင်းတယ်ဘဆိုပေမယ့်လည်း သူ့ကို ကြေကွဲ အောင် လုပ်ဖို့ ဗီဒီယို ပို့ရန် တွေးနေနိုင်တုန်းလား???
သူ့ မက်ဆေ့ချ်တွင် ပို့ထားတဲ့ မုရှောင်းရှောင် လေသံကို တွေးတောရင်း သူ့နှလုံးသားသည် ပျော့ပျောင်းလာကာ ဒေါသအရမ်းထွက်မနေတော့ဘဲ သနားနေမိသည်။
သူတို့နှစ်ယောက် ငယ်ငယ်တုန်းကလည်း အလားတူ အဖြစ်အပျက်မျိုး ဖြစ်ခဲ့တာကို သူ သတိရမိသည်။
သူလုပ်လို့ ပြုတ်ကျပြီး လဲကျသွားသည့်နောက်မှာတောင် သူ့နောက်ကို လိုက်လာသည်။ သို့သော်လည်း သူမဒဏ်ရာများကို လျစ်လျူရှုထားကာ သူ့နောက်ကို လိုက်ခဲ့ခြင်းက သူမရဲ့တစ်ခုတည်းသော ဆန္ဒကြောင့်ဖြစ်သည်။ အဆုံးမှာတော့ ယင်းရှောင်ကျဲ သူမဒဏ်ရာရသွားကြောင်း သိလိုက်နောက် အမြန်ပြန်ပြီး စိတ်ပြေရတော့တာပင် ။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...