အပိုင်း - ၁၁၉

1.6K 147 5
                                    

Unicode

အပိုင်း -၁၁၉  နင်တော်တော် စိတ်ပုပ်တာပဲ

"နောက်တစ်ခါ နင် ဘာမှမလုပ်ခင် ငါနဲ့ နဲနဲလောက် ကြို ဆွေးနွေးလို့ရမလား? "

မုရှောင်းရှောင်  က သက်ပြင်းချလိုက်ပြီး ယင်းရှောင်ကျဲ ကို စိုက်ကြည့်ရင်း ပြောလိုက်သည် ။

အကယ်၍ သူလုပ်တာ ဒီထက် အလွန်အကျွံ ဖြစ်သွားခဲ့လျှင် ထိုမြင်ကွင်းများကို အိပ်မက်ဆိုးများ အဖြစ် ပြန်မက်မည်ကို သူမကြောက်သည်။

သို့သော် ထိုအချိန်တွင် ယင်းရှောင်ကျဲ က နားပင်းသွားထင် အမျိုးသမီးဆရာဝန်ထံမှ ဆေးကိုယူကာ သူမရှေ့တွင် သူမဟုတ်သလို  မတ်တတ်လာရပ်သည်။ ။

"သွားမယ်  တက် ၊ ငါ မင်းကို အိမ်ပြန်လိုက်ပို့မယ်"

ဟုဆိုကာ သူမရှေ့တွင် ထိုင်ချပေးသည် ။

"မလိုပါဘူး၊ ငါ အခု ပိုကောင်းလာပပြီ။ တစ်ယောက်တည်း လမ်းလျှောက်လို့ရတယ်"

မုရှောင်းရှောင်  က သူစကားကို အလိုလို ငြင်းဆိုလိုက်သည်။ အထူးသဖြင့် အမျိုးသမီးဆရာဝန်၏ ထိတ်လန့်တုန်လှုပ်သောအမူအရာကိုမြင်ပြီးနောက်၊ သူမသည် ယင်းရှောင်ကျဲကို သူမအား  မသယ်သွားစေလိုပါ။

ယင်းရှောင်ကျဲ က နောက်ပြန်လှည့်ကြည့်ကာ သူမကို စိုက်ကြည့်ပြီး

"မြန်မြန်တက် မုရှောင်းရှောင် ကြားလား?"

မုရှောင်းရှောင် ရှက်ကိုးရှက်ကန်းဖြင့် ကျောပေါ်တက်ရန်မှတပါး ရွေးချယ်စရာမရှိပေ

ယင်းရှောင်ကျဲသည် သူမကို ကျောပေါ်တင်ပြီး ကျောင်းဆေးခန်းမှ ထွက်လာခဲ့သည်

ကျောင်းဆေးခန်းက ထွက်လာတော့ အပြင်မှာ လူတွေ ပြန့်ကျဲနေတုန်းပင်။  ယင်းရှောင်ကျဲ မုရှောင်းရှောင် ကို  ကျောပေါ်သယ်ဆောင်လာသည်ကို တွေ့လိုက်ရသဖြင့် စိတ်ကူးယဉ်ဇာတ်လမ်းထဲက မယုံနိုင်စရာမြင်ကွင်းတစ်ခုကို
မြင်လိုက်ရသလိုပင်  လူတိုင်စ အံ့အားသင့်သွားကြသည်။

မုရှောင်းရှောင် ရှက်ရွံ့သွားပြီး ဘာမှမမြင်ချင်ယောင်ပဲဆောင်ကာ သူမမျက်နှာကို သူ့ပုခုံးပေါ်မှာ အပ်ထားလိုက်တော့သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now