Unicode
အပိုင်း -၂၄၈
မုရှောင်းရှောင်၏ ရဲရဲနီကာ ဖူးနေသည့် နှုတ်ခမ်းပါးပါးလေးကိုကြည့်ရင်း ယင်းရှောင်ကျဲ ၏ ပါးစပ်သည် ခြောက်ကပ်လာသည်။
“ကောင်းပြီ၊ ဒီမှာနေ။ မင်းအတွက် ရေ ငါယူပေးမယ်"
ရေ အေး အေးလေးယူပေးဖို့ ယင်းရှောင်ကျဲ ရေခဲသေတ္တာဆီကို လျှောက်သွားလိုက်သည်။ ထို့စဉ် ဆိုဖာပေါ်တွင် လဲလျောင်းနေသော ကလေးမသည် ယခင်ကနှင့် မတူဘဲ ငြိမ်သက်စွာဖြင့် ကျဉ်းမြောင်းပြီး မျက်လုံးများကို တိတ်တိတ်လေး ဖွင့်လိုက်သည်။
တကယ်တော့ သူမ အလွန်အကျွံ မသောက်ခဲ့ ရေပူစမ်းမှာ ရေစိမ်ထားတဲ့ အပူရဲ့ အရှိန်အဟုန်ကြောင့် အိပ်ပျော်သွားခဲ့တာပင်။ ပူပြင်းတဲ့ ရေပူစမ်းကန်တွင်းမှာ စိမ်ထားတာကြောင့် အရက်ရဲ့ အာနိသင်က လျင်မြန်စွာ ပျောက်ကွယ်သွားတာပင်။
သို့သော်…မုရှောင်းရှောင် ယင်းရှောင်ကျဲ က ရေပူစမ်းမှာ အရက်သောက်ပြီး မူးလာတာကြောင့် သူမကို ဒေါသထွက်ပြီး အပြစ်တင်မှာကို သူမကြောက်သည်။ ပြီးတော့ သူမလုပ်ရပ်က မည်မျှအန္တရာယ်ရှိသည်ကို သူမအား ပူညံပုညံလုပ်ကာ သင်ကြားပြသပေးလိမ့်မည်။
သူ၏ ဟောပြောချက်ကို နားထောင်ရန် သူမ စိတ်မ၀င်စားသောကြောင့် သူမ နိုးလာပြီးနောက် ရိုးရှင်းစွာဖြင့် မူးနေသည့် အမူအရာကိုသာ ဆက်လက်လုပ်ဆောင်ခဲ့သည်။
ဟီးဟီး၊ သူ ငါကို ပြုစုပေးတာကို ထိုင်ကြည့်ရတာ တော်တော်ကောင်းတယ်။
မုရှောင်းရှောင် ဒီတစ်ကြိမ်တွင် အလွန် ဉာဏ်ကောင်းတယ်ဟု ကိုယ့်ကိုကိုယ် ယူဆလိုက်သည်။ ယင်းရှောင်ကျဲ ထက်မြက်တာ ကြောင့် သူ့ကို လှည့်စားဖို့ ခက်သည် ။
ထို့ကြောင့် သူပြန်မလှည့်လာမီတွင် သူမသည် မျက်လုံးများကိုမှိတ်ထားကာ စိတ်အေးလက်အေးနှင့် မူးဝေနေသည့်အလား ဟန်ဆောင်နေသည်။
ယင်းရှောင်ကျဲသည် ရေခွက်ကို ကိုင်ရင်း အမြန်လျှောက်လာကာ ဆိုဖာဘေးမှာ ထိုင်ချလိုက်ပြီး သံလိုက်လိုအသံနဲ့
VOUS LISEZ
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
Roman d'amourThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...