Unicode
အပိုင်း -၁၉၆ လုရိချန် ၏တောင်းဆိုချက်
မုရှောင်းရှောင် သူမ လုရိချန်လျှောက်လာစဉ် ကြည့်လိုက်တော့ လုရိချန် ပုံစံက အရမ်းကို ရှုပ်ပွကာ စိုးရိမ်တကြီးဖြစ်နေပုံပင်။ လုရိချန် ဒီလိုဖြစ်နေတာကို သူမမြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပင် ။သူ ဘာဖြစ်သွားတာလဲ။ ဘာကြောင့်များ ဤမျှ အရေးတကြီး ဆေးရုံမှ ဆင်းရန် လိုအပ်နေရသနည်း။
ယင်းရှောင်ကျဲ သူ့ရဲ့ ခြေတံရှည်ရှည်ဖြင့် လုရိချန်ဆီသို့ လျှောက်လာကာ ပြင်းထန်သောလေသံဖြင့်
"ဟေးလူ ဘာလုပ်နေတာလဲ၊ ဒဏ်ရာရတဲ့သူက ဆေးရုံမှာ နေရမှာ!"
ယင်းရှောင်ကျဲ ဒီမှာရှိနေတာကိုမြင်တော့ လုရိချန် ရဲ့အမူအရာက ပိုပြင်းထန်လာပြန်သည် ။ သူက ယင်းရှောင်ကျဲ ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး
"ကြီးမြတ်လှတဲံ သခင်လေးကျဲ မင်း ငါ့ကို စိတ်ပူ ပေးစရာ မလိုပါဘူး။ ငါ့အခြေနေကို ငါနားလည်တယ်။ ငါနေကောင်းသွားပြီ၊ ငါ ဆေးရုံက ဆင်းနိုင်တယ်"
ယင်းရှောင်ကျဲ က အေးစက်စက် ရယ်မောပြီး
"မင်းကို ဘယ်သူက စိတ်ပူနေလို့လဲ ရှောင်းရှောင်ကို မင်းမကယ်ခဲ့ရင် ငါ မင်းကို ဂရုစိုက်နေမှာ မဟုတ်ဘူး"
အေးစက်လွန်းတဲ့ လေထုကြောင့် ဆရာဝန်နှင့် သူနာပြုဆရာမသည် တစ်ဖက်သို့ ဆုတ်သွားပြီး နဖူးမှ ချွေးများကို အသာလေးသုတ်လိုက်သည်။
အခြေအနေက အတော်လေးကို ဆိုးတယ်။ နှစ်ယောက်သား စကားများရန်ဖြစ်ထားပုံရသည် ။ သို့သော် ယင်းရှောင်ကျဲ နဲ့ လုရိချန် မျက်နှာချင်းဆိုင်တွေ့တာ ဒါပထမဆုံးအကြိမ်ပင်။ သူတို့ရဲ့ ရန်ငြိုးက ပြင်းထန်ပြီး အချိန်မရွေး ပေါက်ကွဲသွားနိုင်သလိုပင်။
မုရှောင်းရှောင် ရှေ့ကို အမြန်လှမ်းပြီး ယင်းရှောင်ကျဲ ကို ဆွဲကာ နောက်ကို ပြန်ဆုတ်ခိုင်းလိုက်သည်။ ထို့နောက် သူမက ဒေါသတကြီးဖြင့်"ကျဲ ဒီလိုလေသံနဲ့ မပြောရဘူးနော်၊ နင်က ငါ့ကို ရူးအောင် လုပ်ချင်နေတာလား ? "
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...