Media မှာတင်ပေးထားတဲ့ Zara Larsson ရဲ့ Invisible Instrumental versionလေး နားထောင်ပြီး ဖတ်ရင် ဒီအပိုင်းကပေးတဲ့ ခံစားချက်ကို အပြည့်အဝရပါလိမ့်မယ်။ မမြင်ရပေမဲ့ ရှိနေတဲ့ မေတ္တာတွေကို ခံစားသိရှိနိုင်ကြပါစေ။ Merry Christmas ပါ☃️🎄
Unicode
🖤 Theories of LOVE❤️
🖤 Season-4❤️
🖤 Tabula Rasa-16❤️
ခရစ်စမတ်မနက်ခင်းမှာတော့ နိုးထလာတာနဲ့ ကိုကိုတစ်ယောက်အဝတ်အစားလဲပြင်ဆင်ပြီး ကျွန်တော်တို့ကို ထိုင်ကြည့်နေတာတွေ့ရသည်။
🖤နိုးပြီလား
❤️ဘယ်သွားမလို့လဲ
🖤ဒီနေ့က အရေးကြီးတဲ့နေ့လေ အဲ့ဒါ ကိုကို Nickနဲ့ တစ်နေကုန် လုပ်စရာလေးတွေရှိတယ် ညကျမှသူတို့နဲ့တူတူ အိမ်ကိုပြန်လာရမှာ
တစ်နေကုန်သူမရှိတာကို သဘောမကျပေမဲ့ P'Nickရဲ့ ကိစ္စပဲမို့ ခွင့်ပြုရမှာပေါ့။ ကျွန်တော်တို့လိုအပ်ချိန်တိုင်းရှိနေပေးတဲ့ P'Nickရဲ့ အရေးကြီးတဲ့နေ့လေးတစ်နေ့ကို ကျွန်တော်တို့ကလည်း အကောင်းဆုံးဖြစ်အောင် ပုံဖော်ပေးရမယ်မဟုတ်လား။
❤️ဖုန်းတော့ဆက်နော် ညလည်း စောစောပြန်လာနော်
🖤အင်းပါကွာ ဟေ့ကောင်လေးတွေ ထ ထ
💛🕊️ထဘူး
🖤ဪ မထဘူးပေါ့ ခရစ်စမတ်လက်ဆောင်ပေးမလို့ကို မယူရင်နေလေ
လက်ဆောင်ပေးမယ်ဆိုတော့မှ ကမန်းကတန်းအိပ်နေရာကနေကုန်းရုန်းထလာကြပြီး အိပ်ချင်မူးတူးလေးတွေနဲ့ ကျွန်တော့်ဘေးလာထိုင်နေကြသည်။
🖤နိုးရင် အရင်ဆုံးမျက်နှာသစ် ပြီးမှ ပေးမယ်
❤️မနေ့ညကဝယ်ထားတာထဲကပေးမှာလား
🖤မဟုတ်ဘူး ဟိုးး အစောကြီးတည်းက စီစဉ်ထားတာကို ပေးမှာ သွားပါ ကြာတယ်
သူအတင်းတွန်းလွှတ်တော့ သားအဖတွေဝရုန်းသုန်းကားနဲ့ရေချိုးခန်းထဲဝင် သွားတိုက်မျက်နှာသစ် အပေါ့အပါးသွား အဝတ်လဲတာရော တန်းစီပြီးလုပ်ရတော့သည်။ အကုန်အဝတ်လဲပြီး ကုတင်ပေါ်ထိုင်နေတဲ့ သူ့နားသွားတော့ ကျွန်တော့်လည်ပင်းကို ဆွတ်ဆွတ်ဖြူနေတဲ့ မာဖလာလေးရစ်သိုင်းပေးလာသည်။
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️