Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤A Million Dreams-58❤️
ကြယ်တွေ ယိမ်းကနေတဲ့ညမှာ အရာရာဟာ မှောင်မိုက်ခြင်းတွေ ကြီးစိုးလို့။ တစ်လောကလုံးမှောင်မိုက်နေတာကိုကြည့်ပြီး ကျေနပ်ခြင်းတွေက ဒီရေလို တရိပ်ရိပ်တက်ပြီးရင်း တက်နေရင်း။
"ဘယ်လိုလဲ Mr.Black ကျေနပ်နေပုံကြီးက ပြုံးဖြီးလို့ "
Mike က ကားမောင်းနေရင်း လှမ်းပြောတော့ အပြုံးပေါ်အပြုံးဆင့်ပေါ့။
🖤 ဒါက အခုမှ သူနဲ့ငါရဲ့ တရားဝင်ပြိုင်ပွဲ အစပဲရှိသေးတာ
💙 မနက်ကျရင် ဘယ်လိုတောင် ဖြစ်နေလိုက်မလဲ ဟားးဟားဟားး
အူလှိုက်သည်းလှိုက် ထထရယ်တဲ့ Blue ကြောင့် Mike ကလဲ ရှေ့ကနေ ပါရမီဖြည့်ပြီး လိုက်ရယ်ပေးနေတော့သည်။
🖤 ဒီညတော့ မင်းတို့ အိမ်မှာပဲ အိပ်လိုက်ကြတော့ ညနက်နေပြီ
"ဟုတ် အကိုလေး"
အိမ်ရောက်လို့ အခန်းထဲဝင်တာနဲ့ ပထမဆုံးလုပ်မိတာက အိပ်ရာပေါ်မှာကွေးကွေးလေး အိပ်ပျော်နေတဲ့ baby ကို ၅မိနစ်လောက် ဒီတိုင်း မတို့မထိပဲ ထိုင်ကြည့်နေမိတာပါပဲ။
🖤 baby အတွက် လက်စားပြန်ချေခဲ့တယ် သိလား baby
အိပ်မက်တွေလှပါစေ ကိုကို့ကလေးလေး
နမ်းချင်ပေမဲ့ အောင့်အီးသည်းခံပြီး ရေအရင်ချိုးဖို့ပြင်ရသည်။ သွေးစွန်းနေတဲ့ ခါးပတ်ကို အရင်ချွတ်ပြီး ပုံစံမပျက် ခါးပတ်ဘူးထဲထည့်သိမ်းပြီးမှ ခေါင်းလျှော်ရေချိုးပစ်လိုက်သည်။
ဟိုကောင့်အငွေ့အသက်တွေ ကပ်ငြိနေမှာစိုးလို့ ဆပ်ပြာအထပ်ထပ်တိုက်ရင်း ကိုယ့်အသားကိုယ်နာနာပွတ်မိသည်အထိ ရွံတာပါ။ ရေကို ဇိမ်နဲ့ သေချာချိုးပြီးတော့မှ ညအိပ်ဝတ်စုံလဲ ခေါင်းကို Dryerနဲ့ခြောက်အောင်မှုတ်ပြီး baby နားဝင်ထိုင်လိုက်သည်။
အခုမှပဲ ချစ်ရတဲ့ ဒီကောင်လေးကို စိတ်သန့်သန့်နဲ့ ပွေ့ဖက်နိုင်တော့မှာပါ။ ရင်ခွင်ထဲတင်းနေအောင်ပွေ့ပြီး ပါးဖောင်းလေးထဲ ဝင်သက်ထွက်သက်တွေနှစ်ထားရင်း အပြည့်အဝအနားယူရသည်။ နှုတ်ခမ်းလေးကို နမ်းမယ်ကြံတော့ ထိမိတာနဲ့ ထွက်လာတဲ့ ညည်းသံလေးကြောင့် မနမ်းရက်တော့။
KAMU SEDANG MEMBACA
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
Fiksi PenggemarFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️