🖤Verdant Note-5❤️

598 101 256
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note - 5❤️

💚📝 There's a Dream in every shadow of Sunlight.
                         _ Gary Lemons💚📝

🖤❤️🖤❤️

ဆေးရုံပန်းခြံထဲက ခုံတန်းပေါ်မှာ နေပြောက်အချို့က ဟိုတစ်နေရာ ဒီတစ်နေရာ ထိုးလို့...

Lollipop လေးတွေ ကိုယ်စီကိုင်လို့ အပူအပင်ကင်းကင်း ရှိနေကြတဲ့ ကလေးတွေကိုကြည့်ရင်း ကျွန်တော်ကတော့ ရင်ထဲပူနေရတာပါပဲ။ baby အရမ်းနာကျင်နေမလား အခြေအနေက အဆင်ပြေရဲ့လား လားပေါင်းများစွာနဲ့ လူက ပူလောင်နေတာပါ။

ဘယ်လိုအပူသောကပဲ ကြုံရခံစားရပါစေ သားနဲ့သမီးအတွက် ကျွန်တော်တို့ကိုယ်တိုင်ဒီအခြေအနေကို လက်ခံခဲ့တာမို့ အပြင်ပန်းကတော့ တုန်လှုပ်နေလို့မဖြစ်ဘူးလေ။

💛 ဒီဒီ ..ဒီဒီ

🖤 ဟေ ...ဘာလဲ သား

💛 ဒီဒီ ဘယ်တူ့ကို ငေးနေတာရဲ ဂျဂါးရဲ ပြောဘူး ပါပါးကရဲ ကြာရီးပဲ

🕊️ ပါပါးက ဘာရုပ်နေတာရဲဟင်

🖤 ဖိုးနွန်က ပါပါး နေအကြာကြီး ကောင်းအောင် တစ်ခုခုလုပ်ပေးနေတာ သမီးနဲ့ သားရဲ့ ခဏလေးစောင့်နေနော်

🕊️ မီးငယ်ကရေ ပါပါးကို ကျွေးမို့ တိမ်းထားတာ မီး စားမိတော့မယ် ပါပါးညန်ညန်ရာမှဖြစ်မှာ

Lollipop တစ်ခု ပိုဝယ်ခိုင်းတာက သူ့ပါပါးကို ကျွေးဖို့တဲ့ အခုမှပြောတယ် ကြည့်။ ဒါ့ကြောင့် သူ့လက်ထဲက Lillipopကို ကိုင်လိုက်ချလိုက်လုပ်နေတာကိုး။

🖤 ပါပါးအစား ဒီဒီစားလိုက်မယ်လေ ပေး

🕊️ ဟင့်အင်း ဒါ ပါပါးဖို့ ဒီဒီ့ဟာက တိုတို့ရှီမှာ

💛 ဒါပိုကြီးတယ် တူ့ဟာက ဂွတ်ဘူး ဒီဒီ

အပိုတစ်ခုဆီဝယ်တာက ကျွန်တော်တို့ဖို့တဲ့လား။ ဒီကလေးတွေကတော့ အသည်းတွေ အကြင်နာတွေကို ခြွေချနေပါရောလား။

🖤 လိမ္မာလိုက်ကြတာကွာ အိမ်ရောက်ရင်စားမယ်နော်

📲📲📲

စာဝင်လာသံကြားလို့ ကြည့်တော့ အန်ကယ်က ပြီးပြီ လာခဲ့လို့ရပြီဆိုပြီး စာပို့ထားသည်။ ကလေးတွေကို ခေါ်သွားရကောင်းလား မကောင်းဘူးလား ချီတုံချတုံ ဖြစ်နေရင်းနဲ့ နောက်ဆုံးတော့ ခေါ်သွားဖို့ပဲ ဆုံးဖြတ်လိုက်သည်။ ဒီထိတောင် ခေါ်လာပြီးမှတော့ ဘာမှထူးမနေတော့ဘူးလေ။ ဒါက ကျွန်တော်တို့ မိသားစု ဘဝပဲဟာ။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Tahanan ng mga kuwento. Tumuklas ngayon