Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤Verdant Note-24❤️
💚📝နေဝင်ညတို့ရဲ့ နောက်မှာ မေတ္တာမနက်ခင်းက အမြဲရောက်လာဦးမှာပါ...
🖤❤️🖤❤️
ဒီကနေ့ရဲ့ ညနေဆည်းဆာချိန်ဟာ သာမန်ညနေခင်းတွေထက် အရောင်ရင့်နေသည်။
လိမ္မော်ရောင်တောက်တောက် နေလုံးကြီးဟာ မိုးကုပ်စက်ဝိုင်းရဲ့ တစ်ဖက်ကမ်းဆီ မငုပ်လျှိုးခင်မှာ လောကကြီးကို အလင်းလက်ဆုံး တောက်ပနေစေသည်။ တိမ်တွေနဲ့ ပတ်ဝန်းကျင်ဟာ လိမ္မော်ရောင်ရင့်ရင့်ခြယ်လို့ လောကကြီးဟာ တစ်နေ့တာအတွင်းအလင်းလက်ဆုံးလှပနေသည်။
မြက်ခင်းပြင်ပေါ် ကိုယ်စီးလာတဲ့ ဝှီးချဲဘီးလေးဖြတ်နင်းတော့ သားနဲ့သမီးက ကျွန်တော်တို့ကိုကျော်ပြေးပြီး ဘောလုံးပိုက်လို့ မြက်ခင်းပြင်ပေါ်မှာ P'Mikeနဲ့တူတူဆော့နေကြပြီ။
စီးလာတဲ့ဖိနပ်အပါးလေးကိုချွတ်ပြီး ဝှီးချဲခြေနင်းပေါ်ကနေ မြက်ခင်းနုနုလေးပေါ်ခြေဖျားလှမ်းထောက်တော့ ကိုကိုက ခေါင်းကဆံပင်တွေကိုဆွဲဖွသည်။
🖤 ခုမှ လမ်းလျှောက်သင်မဲ့ ကလေးလေးလား ဟမ်
❤️ baby ကလမ်းလျှောက်ရုံတင်မကဘူး ပြေးပါပြေးချင်တာ မဖြစ်လို့သာ ငြိမ်နေရတာ
🖤 ဖြစ်လာမှာပေါ့ အသည်းတုံးကြီးရယ် နေကောင်းရင် လုပ်ချင်တာတွေအကုန်လုပ်လို့ရတယ်လေ
နေဝင်တော့မယ် baby ဒီညနေ တိမ်တောက်တယ်လို့ပြောလို့ရတယ်နော် မြင်မြင်သမျှက နေရောင်ဟပ်ပြီး လှနေတာ
❤️ အင်း ကိုကို့အသားတွေတောင် ဝင်းဝါနေတာပဲ မီးသွေးခဲမဟုတ်တော့ဘူး
🖤 စ လာပြီ အဲ့ မီးသွေးခဲဆိုတဲ့ ချစ်စနိုးနာမည်ကြီးကို ဘယ်လိုများဖျက်ပစ်ရမလဲလို့ ခုထိ ငါ စဥ်းစားလို့မရပါဘူးဗျာ
ခေါင်းတခါခါနဲ့ မျက်နှာကြီးရှုံ့တွနေတဲ့ ကိုကို့ကိုကြည့်ပြီး အသည်းယားလို့ ပါးကိုလှမ်းဖဲ့တော့ လက်ကို ပြန်ကိုက်ပြီး မလွှတ်ပေးတော့။
❤️ အ ...ကိုကို ဘာလို့ ကိုက်ထားတာလဲ လွှတ် နာတယ်ဗျ
သွားနဲ့လက်ကို ခပ်ဖိဖိကိုက်ထားပြီး ခေါင်းခါနေတဲ့လူကြီးကိုကြည့်ပြီး စိတ်တိုလာလို့ အားနေတဲ့လက်နဲ့ သူ့ဆံပင်လှမ်းဆွဲမယ်လုပ်တော့မှ လွှတ်ပေးပြီးအော်ရယ်တော့သည်။
VOCÊ ESTÁ LENDO
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanficFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️