Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤Absquatulate❤️
မပြီးဆုံးသေးတဲ့ အဆုံးသတ်ဟာ ဘယ်လိုကံကြမ္မာဆီကို သယ်ဆောင်ခေါ်ယူသွားမှာလဲ
အရာအားလုံးကျရှုံးခြင်းလား သို့တည်းမဟုတ် တစ်သက်စာအတွက် အောင်နိုင်ခြင်းလား???
🖤❤️🖤❤️
လေဆိပ်ကနေ အိမ်ပြန်ရောက်တည်းက အကုန်လုံး ထကို မထနိုင်ကြပဲ ပင်ပန်းပြီးအိပ်ကုန်ကြပြီ။ ခရီးကသွားနေတုံးသာ မသိသာပေမဲ့ သွားလို့ပြီးရင်တော့ ခရီးပန်းတဲ့ဒဏ်က သိသိသာသာခံစားကြရတာပဲလေ။ ကိုယ့်မှာသာ မအိပ်နိုင်သေးပဲ Chim တင်ပြတာတွေကို ကော်ဖီတစ်ခွက်နဲ့ ထိုင်ကြည့်နေရတာ။ အခုရက်တည်းက အားစိုက်ထားမှ နောက်ရက် baby နေထိုင်မကောင်းဖြစ်လာရင် အေးအေးဆေးဆေး ဂရုစိုက်ပေးနိုင်မှာပါ။
🖤 အဆင်ပြေတယ် Chim
"ပြေရမယ်လေ ပြေရမယ် နားဦး Boss "
နံရံကနာရီလှမ်းကြည့်တော့ ည ၈နာရီထိုးနေပြီ။ ကိုယ်လည်း ညောင်းညာနေပြီမို့ အခန်းထဲဝင်ခြေလက်ဆေး ညအိပ်ဝတ်စုံလဲ ဆေးသောက်ပြီး baby ဘေး ဝင်လှဲရသည်။
အိပ်ပျော်နေတဲ့ ကောင်ကလေးဟာ ခပ်နွမ်းနွမ်းမျက်နှာလေးနဲ့ နှုတ်ခမ်းလေးက ဖြူဖပ်ဖြူလျော်ဖြစ်နေတော့ ကျွန်တော့်မှာ အိပ်ရမှာတောင် မ
ဖြောင့်ချင်။ ရင်ခွင်ထဲဆွဲသွင်းတော့ ပျော့ဖတ်ဖတ် ကိုယ်လုံးလေးက နူးညံ့စွာ အသားတကျပါလာသည်။🖤 ကိုကို့ကလေးလေး ပင်ပန်းသွားပြီ
ဆံစလေးတွေကို ပွတ်သပ်ပေးရင်း အဖိုးမဖြတ်နိုင်တဲ့ ဒီလူသားလေး နေကောင်းကျန်းမာနေဖို့ပဲ တောင်းဆုတွေပြုမိသည်။
🖤 Goodnight baby
အိပ်ရာဝင်အနမ်းနဲ့အတူ အိပ်မက်လှလှလေးတွေမက်စေဖို့လည်း ဆုတောင်းပေးရင်း ကျွန်တော်လည်း အတွေးတွေဖယ်ထုတ်ပြီး အိပ်စက်လိုက်ပါတော့သည်။
****************🔥*****************
အောက်သက်သက် အနံ့အသက်တစ်ချို့နဲ့ အလင်းရောင်ကောင်းကောင်းမဝင်တဲ့ အခန်း
ကျဥ်းတစ်ခန်း...
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️