🖤 Fathers' Day Special❤️

510 84 198
                                    

Unicode

🖤 Theories of LOVE❤️

🖤 Season-4❤️

🖤Fathers' Day Special❤️

လှိုင်းသံလေသံတို့နဲ့ ပင်လယ်နံ့သင်းနေတဲ့ ရပ်ဝန်းတစ်ခု.....

"သား......ငါ့သား.....အိပ်မနေနဲ့ သွားကြမယ်"

လှုပ်နှိုးခံလိုက်ရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်တော်အိပ်နေတာက ကြေတွန့်မွနေတဲ့ အဖြူရောင် အိပ်ရာခင်းပေါ်မှာ။

🖤ဖေဖေ........

အသံလာရာဘက် ကြည့်လိုက်တော့ ကြည်လင်နေတဲ့ ဖေဖေ့ရဲ့ မျက်လုံးတွေက ကျွန်တော့်ကိုငေးနေတာမဟုတ်ဘဲ ကျွန်တော့်ဘေးက ကောင်လေးဆီမှာ။

ဂျစ်ကန်ကန်ရုပ်ကလေးနဲ့ လက်သေးသေးလေးတွေက ဖေဖေကမ်းပေးတဲ့လက်ကို ဆုပ်ကိုင်အားယူလို့ အိပ်နေရာက ထထိုင်တော့ ကျွန်တော် ခေါင်းနားပန်းကြီးသွားသည်။

အခုမြင်နေရတာက ကျွန်တော့်ငယ်ဘဝကပုံရိပ်ပဲ။ ဖေဖေ့လက်ကို ဆုပ်ကိုင်ထားတဲ့ ကောင်ငယ်လေးက ကျွန်တော်ဆိုတဲ့ Perthရဲ့ ငယ်ဘဝလေ။

"ဘယ်ကိုသွားမှာလဲ ဖေဖေ"

"ငါ့သားက အအိပ်ကြီးတာပဲ အခု ဖေဖေတို့ ကမ်းခြေကိုရောက်နေကြတာလေ သားရဲ့ ထတော့ မျက်နှာသွားသစ် ဖေဖေအဆင်သင့်စောင့်နေမယ် သားပြီးရင် မနက်စာစားပြီး ကမ်းခြေမှာ လမ်းလျှောက်ကြမယ်"

"ဟုတ်ကဲ့ ဖေဖေ"

ဖေဖေနဲ့ ကျွန်တော့်ငယ်ဘဝ အဲ Junior Perthပေါ့ဗျာ။ သူတို့က ကျွန်တော့်ကို မမြင်သလိုပဲ စကားတွေပြောနေကြတယ်ဆိုပေမဲ့ ကျွန်တော့်မှာ ဝေခွဲမရ။ ဒါအိပ်မက်လား တကယ်လား ဒါမှမဟုတ် အိပ်မက်ထဲကအိပ်မက်လား။

အိပ်မက်ဆိုရင်တောင် ချက်ချင်းမနိုးထချင်တော့တာက အသေအချာပါပဲ။ သေသေချာချာမမှတ်မိပေမဲ့ ကျွန်တော်အခု သူတို့နားမှာရှိနေချင်သေးတယ်။ ကျွန်တော်သေချာမမှတ်မိတဲ့ ခရီးတစ်ခုမှာ ကျွန်တော်ငယ်ငယ်က ဖေဖေနဲ့ ဘာတွေလုပ်ခဲ့ဖူးသလဲ ဘာတွေပြောခဲ့ဖူးသလဲဆိုတာ ကျွန်တော်သိချင်တယ်။ အဲ့ဒီတော့ ဖေဖေတို့နောက်လိုက်ဖို့ဆုံးဖြတ်ရင်း Junior Perth မျက်နှာသစ်ပြီး ထွက်အလာကို ငြိမ်ငြိမ်လေး ထိုင်စောင့်နေလိုက်သည်။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Où les histoires vivent. Découvrez maintenant