🖤Verdant Note-27❤️

576 93 220
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note-27❤️

💚📝နှလုံးရှင်သန်နေဖို့ heartbeat လိုသလို
ငါ့ဘဝခရီးအတွက် မင်းကိုပဲ လိုအပ်တယ် baby

🖤❤️🖤❤️

မေတ္တာတွေက အတ္တနဲ့အတူ ဖြစ်တည်တဲ့အခါ ထိရှနာကျင်မှုတွေက အနည်းနဲ့အများ ဖြစ်တတ်ကြပါတယ်။

ကိုကိုနဲ့တူတူ ဆေးရုံကနေဆင်းချင်တယ်လို့ အန်ကယ့်ကိုသွားပြောတော့ အန်ကယ်ကတော့ လက်မခံချင်။

"သားငယ်ရယ် ဆေးစစ်စရာတော့မရှိတော့ပေမဲ့ တစ်ရက်နှစ်ရက်တော့ နေစေချင်သေးတယ်"

❤️ သား အန်ကယ်ပြောတာ အကုန်လုပ်ပါ့မယ် သား မနေချင်တော့လို့ပါ အိမ်မှာပဲနေချင်တယ်

"အဲ့ဒါဆို အိမ်မှာအခန်းလေးတစ်ခန်းထားဖို့ အန်ကယ်အကြံပြုချင်တယ် သား အရေးပေါ်တစ်ခုခုဖြစ်တဲ့အခါ ဆေးရုံနဲ့မခြား သားအသက်ကိုကယ်နိုင်မဲ့ ဆေးဝါးပစ္စည်း ပြည့်ပြည့်စုံစုံရှိမဲ့အခန်းမျိုးပေါ့ ဆရာဝန်ချက်ချင်း ရောက်မလာသေးရင်တောင် အောက်ဆီဂျင်ရှူလို့ရ အရေးပေါ်ဆေးထိုးထားလို့ရတယ်လေ"

🖤 သား စီစဥ်လိုက်မယ် အန်ကယ် အဲ့လိုအခန်းမျိုးထားပေးထားတာ baby အတွက် ပိုကောင်းပါတယ် အရေးပေါ်ဆို ပူစရာမလိုတော့ဘူးပေါ့

"ကောင်းပြီ အဲ့ဒါဆို သားကို မနက်ဖြန်မနက်ဆေးရုံကပေးဆင်းမယ် "

❤️ ကျေးဇူးတင်ပါတယ် အန်ကယ်

"သားကိုယ်သား အထူး ဂရုစိုက်ဖို့ပဲ အန်ကယ်မှာချင်ပါတယ် သားကို အန်ကယ်တို့အားလုံးက လက်လွှတ်မှာမဟုတ်ဘူးနော်"

❤️ သား ဂရုစိုက်မှာပါ အန်ကယ်

🖤 သားလည်း ဂရုစိုက်ပေးမှာပါ အန်ကယ်

"အေး အေး အဲ့ဒါဆို သွားကြဦး အန်ကယ်လည်း  Round လှည့်ဖို့ရှိသေးတယ်"

🖤❤️ ဟုတ်ကဲ့ အန်ကယ်

အန်ကယ့်အခန်းထဲကထွက်တော့ တကယ်ရင်ဆိုင်ရမဲ့ အရာက ရောက်လာပါပြီ။ စိတ်ဆိုးနေကြတဲ့ ကလေးတွေကို ချော့ဖို့ပေါ့။ နုနယ်သေးတဲ့ကလေးတွေကို မတရားဆူလိုက်မိတာမျိုးဆိုတော့ သူတို့ကျေနပ်တဲ့ထိ ချော့ရမှာက ကျွန်တော့်တာဝန်ပါ။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Opowieści tętniące życiem. Odkryj je teraz