🖤Verdant Note❤️

575 107 197
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note❤️

Do something green today 💚

🖤❤️🖤❤️

ဒေါက် ဒေါက် ဒေါက်

မတိုးမကျယ် တံခါးခေါက်သံကြောင့် baby ကို ဖက်ထားရင်း မှေးနေတဲ့ မျက်လုံးတွေ ပြန်ကျယ်လာသည်။ နာရီလှမ်းကြည့်တော့လည်း ကျွန်တော် baby နား နေနေတာ ဘာမှတောင်မကြာသေးဘူးပဲ။

အိပ်မောကျနေတဲ့ ကိုယ်လုံးလေးကို အသာလွှတ်ပြီး တံခါးသွားဖွင့်ကြည့်လိုက်တော့ အန်ကယ့်ကို တွေ့ရသည်။

"သား မအိပ်သေးရင် အန်ကယ်တို့ ခဏလောက်စကားပြောရအောင်လေ May လည်း စောင့်နေတယ်"

🖤 အာ ဟုတ်ကဲ့ အန်ကယ် ခဏလေးနော် သား မျက်မှန်ယူလိုက်ဦးမယ်

အိပ်တော့မယ်ဆိုပြီး မျက်မှန်ချွတ်ထားတာမို့ အခုအပြင်ထွက်ရမယ်ဆိုတော့ မျက်မှန်ပြေးယူရသေးသည်။ အရင်လိုစိတ်နဲ့သာဆိုရင် ပြီးတော့ ဒီမျက်ကြည်လွှာဟာ သာမန်အလှူရှင်တစ်ယောက်ဆီကဆိုရင် ကျွန်တော့်အတွက်ကျွန်တော် ဘာမှထည့်တွေးဖြစ်မှာမဟုတ်ပါဘူး။ အခုဟာကတော့ ဖေဖေပေးသွားတဲ့ တန်ဖိုးအကြီးဆုံးလက်ဆောင်မို့ ကိုယ့်ဟာကိုယ်မဖြစ်မနေ ဂရုစိုက်ရမယ်ဆိုတဲ့အသိကို ခေါင်းထဲထည့်ထားရတာပါ။

မျက်မှန်လေးတပ်ပြီး အန်ကယ့်နောက်လိုက်သွားတော့ အန်ကယ်က ခြံထဲခေါ်သွားသည်။ ခြံထဲက မိုးမခပင်ကြီးအောက်မှာ ကော်ဇောတွေဆက်ခင်းထားပြီး အကုန်လုံး ဟိုနေရာတစ်စု ဒီနေရာတစ်စုနဲ့ ထိုင်နေကြတယ်လေ။

Nick တို့နဲ့ ကလေးတွေက တစ်နေရာ P'Chen ရယ် Mike နဲ့ Blueရယ်က တစ်နေရာ ပြီးတော့ P'May ကတော့ ကျွန်တော်တို့အလာကို စောင့်နေဟန်ရှိပြီး တစ်ယောက်တည်း ထိုင်လို့။

🔥 N' ဒီနား လာထိုင်

P'May ရှေ့နားမှာ ကျွန်တော်ရော အန်ကယ်ရော ဝင်ထိုင်လိုက်ပြီး လေအေးတို့ရဲ့ တိုးဝှေ့ခြင်းကို ခံရင်း သစ်ပင်ပေါ်က သစ်ရွက်တို့ရဲ့ ပွတ်တိုက်သံကို ခဏတော့ နားစိုက်ရင်း ငြိမ်နေလိုက်မိသည်။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Donde viven las historias. Descúbrelo ahora