🖤 Tabula Rasa-13❤️

515 83 341
                                    

Unicode

🖤 Theories of LOVE❤️

🖤Season-4❤️

🖤 Tabula Rasa-13❤️

ခရစ်စမတ် ဦးထုပ်လေးတွေ ကိုယ်စီဆောင်းလို့ အခန်းထဲကနေ မီးရထားတွဲကြီးလို ထွက်လာခဲ့ကြတော့ ဝက်ကလေးတွေရဲ့ အော်သံကညံလို့။

💛 မီးရထားရေး ရာပါဘီ

🕊️ဂျုန်းဂျုန်း ဂျက်ဂျက် ဂျုန်းဂျုန်းဂျက်ဂျက်

💛🕊️ပေါ် ပူးးး ပေါ်

အောက်ထပ်ရောက်တော့ အိမ်ရှိလူကုန် ခရစ်စမတ်သစ်ပင်လုပ်ဖို့ အိမ်ထဲအလှဆင်ကြဖို့ ကိုယ်စီအလုပ်ရှုပ်နေကြပြီ။ ခရစ်စမတ်သစ်ပင်က ထုပ်ပိုးထားတာထဲကထုတ်ပြီး ဆက်လို့ဆင်လိုက်ရုံပဲမို့ သိပ်တော့အလုပ်မရှုပ်။ရှုပ်တာက လက်ဆောင်ပစ္စည်းလေး‌တွေ ချိတ်ဖို့ပဲ ဖြစ်သည်။

လူကြီးတွေအတွက် အပင်ကြီးတစ်ပင်ရယ် ကလေးတွေအတွက် သူတို့အရပ်နဲ့မှီမဲ့ ချစ်စရာအပင်သေးတစ်ပင်ရယ် လုပ်ဖို့စိတ်ကူးထားတာမို့ ဘယ်နေရာထားရမလဲက အရင်ကြည့်ရသေးသည်။

ပြီးတော့ video မှတ်တမ်းတင်သူလည်း ရှိတာပေါ့။ ဒီအိမ်ရဲ့ထုံးစံက အမှတ်တရတစ်ခုခုရှိလာရင် မပျောက်ပျက်သွားအောင် မှတ်တမ်းယူထိန်းသိမ်းတဲ့အလေ့အထရှိတာမို့ အဲ့ဒီတာဝန်ကိုတော့ P'Chenကိုပေးထားလိုက်သည်။

❤️အပင်ပုပုလေးကိုတော့ ဧည့်ခန်းရဲ့ ညာဘက်ထောင့်မှာထားလိုက်မယ် အပင်အကြီးကြီးကိုတော့ လှေကားရင်းမှာထားမယ် အဲ့ဒါဆိုအပင်ထိပ်ဖျားထိ လက်ဆောင်ပစ္စည်းချိတ်ချင်ရင် မခက်ခဲတော့ဘူးလှေကားထစ်ပေါ်ကနေ လှမ်းချိတ်ရုံပဲ

🖤ကိုကို့ သူပုန်လေး အတော်ဆုံးပဲ ကဲ အပင်တွေဆင်ဟေ့

လူကြီးတွေအလုပ်ရှုပ်နေတုံး ကလေးတွေလည်း အလုပ်ရှုပ်ကြရှာပါတယ်။ လက်ဆောင်ပစ္စည်းအရုပ်တွေကို လုနေကြတာပါ။

🕊️မီးငယ် ဒီတုတ်တောက်ရေး ယူမှာ နှစ်ထုယူမှာ

💛ငါ့ကို တထုပေးရေဟာ မတရားရုပ်နဲ့နော်

🖤ဟေးးးးးးးး

🕊️အင့် တထုယူ ရှူးးးးး တိတ်တိတ်နေတော့နော်

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Donde viven las historias. Descúbrelo ahora