Unicode
🖤 Theories of LOVE❤️
🖤 Season-4❤️
🖤 Tabula Rasa-5❤️
အိမ်ပြန်လမ်းတစ်လျှောက်မှာ သားနဲ့သမီးက ထုံးစံအတိုင်းစကားများ ဆူညံနေသလောက် ကျွန်တော့်ဘေးက ကလေးကြီးကတော့ သူ့လေရဟတ်လေးကိုင်လို့ အိပ်ပျော်နေတာ လှုပ်တောင်မလှုပ်။
Mr.Wangတို့ဆီက နေ့လယ်စာ စားလာခဲ့ပြီး တစ်လမ်းလုံးအိပ်လာတာ ခု အိမ်ပြန်ရောက်တဲ့ထိ သူမနိုးသေး။ ကားပေါ်ကနေ ကလေးတွေဆင်းသွားပြီးတော့ သူ့ကိုမနှိုးရက်တာနဲ့ ပွေ့ချီပြီးပဲ အခန်းထဲခေါ်ခဲ့ရသည်။
လေရဟတ်လေးကိုင်ထားပြီး သိုးနေအောင်အိပ်နေတဲ့ ရင်ခွင်ထဲက ကတုံးလေးကိုကြည့်ရင်း အိပ်မက်ထဲက ကလေးပိစိလေးကိုပြန်မြင်ယောင်တော့ သူ့ကိုပွေ့ချီလမ်းလျှောက်ရင်းနဲ့ ဖျစ်ညှစ်မိသည်အထိ တစ်ကိုယ်လုံးတုန်ယင်ပြီး အသည်းက ယားရသည်။
🖤ငယ်ငယ်တုံးကအတိုင်းပဲကွာ အူယားလိုက်တာ ကလေးလေးရဲ့
❤️ဟင်းးးးး
လှေကားပေါ်တက်နေတုံးမှ သူကလက်ထဲလွန့်လူးနေတော့ အောက်ပြုတ်ကျမှာစိုးလို့ ကိုယ့်မှာမျက်လုံးကြီးပြူးပြီး အသာလေးရပ်နေရသည်။သူငြိမ်သွားတော့မှ ခြေလှမ်းခပ်သွက်သွက်လှမ်းရင်း အခန်းထဲဝင်ရသည်။
အခန်းထဲရောက်တော့ ကုတင်ပေါ်ချသိပ် ဖိနပ်ချွတ်ပေးပြီး ဖိနပ်ပြန်သိမ်း အဝတ်အစားလဲဖို့ အဝတ်လဲခန်းထဲဝင်တော့ ကိုယ့်မျက်နှာပေါ် ရောက်လာတာက ဘာမှန်းမသိတဲ့အရာ။
ဖတ်..........
ဖတ်ခနဲအသံနဲ့ မျက်နှာလာမှန်ပြီး အောက်ပြုတ်ကျသွားတဲ့အရာကို ငုံ့ကောက်လိုက်တော့ အင်္ကျီတစ်ထည်ဖြစ်နေသည်။ ရှေ့လှမ်းကြည့်တော့ မင်းသားနဲ့မင်းသမီးက အဝတ်လဲနေတာကိုး။
🖤ဘယ်သူလဲ ငါ့မျက်နှာကို အင်္ကျီနဲ့ ပစ်တာ
သူတို့အရပ်နဲ့ မှီအောင် အဝတ်ဗီရို ပုပုသေးသေးလေးတွေဝယ်ပေးထားပြီး သူတို့အဝတ်အစားတွေထည့်ပေးထားတာက babyအကြံပါ။သူတို့ဟာသူတို့ ယူဝတ်လို့ရအောင် အဝတ်လဲတတ်အောင်ဆိုပြီးတော့လေ။
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️