Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤Verdant Note-41❤️
💚📝သူ့အတွက်ရည်စူး ကိုယ့်ကိုယ်ကို ချစ်ဖူးချင်ပါတယ်....
🖤❤️🖤❤️
မနက် ၈ နာရီ မထိုးခင် နေလုံးကြီး တဖြည်းဖြည်း မြင့်တက်လာချိန်.....
Tent တွေရှေ့ရပ်ထားတဲ့ စက်ဘီးလေးတွေဟာ ဒီတစ်နေ့အဖို့ရာ အငှားခြေထောက်ဖြစ်ဖို့ အသင့်အနေအထားမှာ ရှိနေကြပါပြီ။
ဒီကနေ့တော့ Danနဲ့ Ron က အလုပ်ကိစ္စလေးတွေရှိလို့ campsiteမှာပဲ နေခဲ့မှာ ဖြစ်ပြီး ကျွန်တော်တို့တွေပဲ သီးသန့်သွားကြမဲ့ walking တစ်ဝက် cycling တစ်ဝက် တောတွင်းခရီးလေးလို့ P'က ပြောပြထားသည်။
❤️ စက်ဘီးမစီးရတာကြာပြီ ခုမှပဲ သေချာပြန်စီးရတော့မယ်
ကလေးတစ်ယောက်ကို တင်နင်းဖို့ သေချာကလေးထိုင်ခုံလေးပါတပ်ထားတဲ့ စက်ဘီးကိုကြည့်ရင်း လူကတက်ကြွနေပြီ။ ကျွန်တော်က ကျွန်တော့်ကလေးလေးကို စက်ဘီးပေါ်တင်လို့ တောထဲ ဖြတ်နင်းရမယ်တဲ့။ ဘယ်လောက်ပျော်စရာကောင်းလိုက်မဲ့ ခရီးလဲ။
💚စက်ဘီးကြံ့ခိုင်ရေးတော့ ငါညကအကုန်စစ်ထားပြီးပြီ လူတွေ ကြံ့ခိုင်ဖို့ပဲလိုတယ် 4.5 miles ဆိုတော့ တစ်နာရီခွဲ နှစ်နာရီပေါ့
🖤တောက်လျှောက်မနင်းရဘူးမှတ်လား ရပါတယ် ကျွန်တော်တို့ အဆင်ပြေတယ် P'
💚အင်း အဲ့ကအပြန် ညနေကျရင် floatation therapy သွားယူကြတာပေါ့
❤️ floatation therapy က ဘာလဲ P'....
💚ရေပေါ်ပေါလောမျောနေမဲ့ ကုထုံးလို့ပဲ မှတ်ထားကွာ အခု သွားရမဲ့နေရာကိုပဲ အရင်ပြောမယ် တစ်ခုပြီးမှ တစ်ခု focus လုပ်ကြရအောင်
❤️ok P'....
💚 အခု ငါတို့သွားမဲ့လမ်းကြောင်းက ပထမဆုံး Beechenhurst cafe ကို အရင်သွားရမယ်
အဲ့ဆိုင်မှာ ငါတို့အခု မနက်စာစားကြမယ် ပြီးမှ အဲ့ဆိုင်ကနေ Sculpture Trail map ဝယ်ပြီး ဆက်သွားရမှာ
💛ဗိုက်ထဲက အော်နေဘီ
💚အေးပါကွာ အစားပုတ်ကလေး ခဏစောင့်
ESTÁS LEYENDO
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanficFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️