Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤Verdant Note-35❤️
💚📝မှောင်မိုက်ခြင်းတွေနဲ့ သူပေးဆပ်ရင် အတောက်ပဆုံးထွန်းလင်းပါ့မယ်
🖤❤️🖤❤️
အေးစက်နေတဲ့ မနက်ခင်းမှာ အနမ်းနွေးနွေးတို့နဲ့ နိုးထရတာက ကျွန်တော့်ဘဝရဲ့ ကံကောင်းခြင်းတစ်ခုပင်
အိပ်နေတဲ့ ကျွန်တော်တို့သားအဖ၃ယောက်ကို အနမ်းတွေနဲ့ ကိုကိုလာနှိုးလို့ ဘေးကစားပွဲတင်နာရီလေး လှမ်းကြည့်တော့ မနက် ၇နာရီထိုးပြီ။
🖤 ကိုကို့ အသည်းပုစိတုတ်တို့ရေ ထကြပါတော့ဟေ့
💛🕊️ မောနင်းးးးးးးအီးးယားး
စောင်တွေကြားထဲမြုပ်နေရာကနေ ကုန်းထပြီး ရုတ်တရက်အေးသွားတော့ ကိုကို့ရင်ခွင်ထဲ အ
လန့်တကြားထပြေးတဲ့ရုပ်လေးတွေက အသည်းတွေကို ကြွေကျစေပြန်ပြီ။🖤 အေးတယ်မှတ်လား ဒီဒီ ရေနွေးလေးနဲ့စပ်ပြီး မျက်နှာသစ်ပေးမယ် လာ baby လည်း ထတော့
သူ့သားနဲ့သမီးကို လက်အိတ်လေးတွေချွတ်ပေးပြီး ရေချိုးခန်းထဲခေါ်သွားတော့ ကျွန်တော်လည်း စောင်ပုံကြားထဲက ကုန်းထကာ ပြတင်းပေါက်သွားဖွင့်လိုက်သည်။
ပြတင်းတံခါးဖွင့်လိုက်တာနဲ့အလုအယက်ပွေ့ဖက်လာတဲ့ လေပြည်အေးတို့က လတ်ဆတ်လွန်းလှသည်။ သန့်ရှင်းတဲ့ လေနုအေးကို တဝရှူသွင်းလိုက်တော့ နှလုံးနဲ့ အဆုတ်ကနှင်းရည်သောက်လိုက်ရတဲ့ ပန်းလို လန်းဆန်းအေးစက်သွားသလိုမျိုး။
❤️ ဒီလို အေးတာကို ကြိုက်လိုက်တာ
မြက်ခင်းပြင်ပေါ် ဖြာကျနေတဲ့ နေရောင်ခြည်တွေကတော့ အေးမြခြင်းရဲ့ ဆန့်ကျင်ဘက် နွေးထွေးခြင်းတွေထဲမှာ သက်ငြိမ်ပန်းချီကားတစ်ချပ်လို
ခန့်ညားလို့။🖤 baby ရေ မျက်နှာသွားသစ်လေ
ကလေးတွေသွားတိုက်မျက်နှာသစ်တာကို ကမန်းကတန်းလုပ်ပေးလာပုံရသည်။ လှည့်ကြည့်လိုက်တော့ ချမ်းလို့ ဆွေ့ဆွေ့ခုန်နေကြတဲ့ မောင်နှမကို မျက်နှာသုတ်လို့ အဝတ်လဲပေးဖို့ ပြင်နေပြီလေ။
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️