Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤Verdant Note-3❤️
💚📝အစိမ်းရောင် ကြင်နာခြင်းတွေ ဒီကမ္ဘာမှာပျိုး ဆထက်ပိုပြီး တိုးလို့ချစ်ကြမယ် 💚📝
🖤❤️🖤❤️
ကုတင်ကျယ်ကြီးပေါ်မှာ သားအဖ ၄ယောက်သားတန်းစီလှဲလျောင်းရင်း တစ်ညတာ အိပ်စက်ဖို့ စိုင်းပြင်းနေကြချိန်....
🖤 နက်ဖြန် စောစောထကြရမယ်နော် ဒီဒီ့ အသည်းတုံးတို့ အပင်တွေ စိုက်ရမယ်
💛 ကြယ်ပင် ပါရား
❤️ ဘာလဲ ကြယ်ပင်
🕊️ တိဘူးရား ကြယ်တေ တီးမဲ့ ကြယ်ပင်ရေ အဲ့ရိုပင်စိုက်ရင် ဖိုးရီး ညန်ပြန်ရာမှာပေါ့
💛ဟုတ်တယ် ကြယ်ပင် စိုက်ချင်တာ
လူကြီးလေးတွေလို အတည်တကျ ပြောနေကြတဲ့ မျက်နှာလေးတွေဟာ အဖိုးလုပ်သူကို သတိရခြင်းအရိပ်လေးတွေ လွှမ်းလို့...
ကျွန်တော်နဲ့ baby လည်း တစ်ယောက်မျက်နှာ တစ်ယောက်လှမ်းကြည့်ရင်း ခဏတာတော့ အသံမဲ့ တိတ်ဆိတ်လို့...
❤️ စိုက်ရမှာပေါ့ကွာ အခုတော့ အိပ်ရအောင်နော် မနက်ကျ မနိုးပဲနေမယ်
🕊️ မီးငယ်ကို ပုတ်တိပ်ပါ ပါပါး
သူ့ဖင်လုံးလေး ကျွန်တော့်ဘက်ပစ်လို့ ပုတ်သိပ်တဲ့လေ။ အားကျမခံတဲ့ သားကြီးကလည်း ကိုကို့ဘက် ဖင်လုံးလေး ပစ်ပေးလို့ မောင်နှမ ၂ယောက် ကျွန်တော်နဲ့ ကိုကို့ကြားမှာမျက်နှာချင်းဆိုင်ရင်း အိပ်ဖို့ပြင်နေကြပြီ။
သူတို့အလိုကျ ဖင်လုံးလေးတွေပုတ်သိပ်ပေးတော့ ခဏနဲ့ပဲ အိပ်ပျော်သွားကြသည်။ လုံးတစ်နေတဲ့ အသည်းစိုင်လေးတွေကိုကြည့်ရင်း သူတို့အိပ်ပျော်တော့မှ ကိုကိုနဲ့ အပြိုင်ခိုးနမ်းရတာလည်း စွန့်စားခန်းတစ်ခု ဖွင့်ရသလိုပါပဲ။ နမ်းနေရင်း ကိုကိုနဲ့ အကြည့်ချင်းဆုံတော့လည်း ရင်ခုန်ရတာ တလှပ်လှပ်နဲ့။ ကိုကို့မျက်လုံးတွေက စကားတွေ အများကြီးပြောနေတယ်လေ။
🖤 baby ကိုကို့ကို မျက်စဥ်းထည့်ပေးဦး
❤️ အင်း ဟုတ်သားပဲ
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️