Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤A Million Dreams-42❤️
ရင်ခွင်ထဲမှာ ငြိမ်သက်နေတဲ့ ကလေးငယ်ကိုပွေ့ချိလိုက်ရင်း အောက်ထပ်ကအခန်းကို အလျင်အမြန်ပြေးရသည်။ နေ့ခင်းဖက်မို့ ကလေးတွေအပြင်မှာမရှိပဲ သူတို့အခန်းထဲသူတို့ရှိနေကြတာပဲ ကံကောင်းတယ်ပြောရမှာပါ။ သူတို့ပါပါးကို ခုလိုပုံနဲ့ မြင်သွားရင် ထိတ်လန့်သွားကြမှာလေ။
အောက်ထပ်ကအခန်းထဲအပြေးဝင်တော့ ဧည့်ခန်းမှာ ဖုန်းထိုင်သုံးနေတဲ့ P'Chen က ပြူးပြူးပြာပြာနဲ့ ဆေးသေတ္တာဆွဲပြီး အလိုက်တသိ နောက်ကလိုက်လာသည်။ ကုတင်ပေါ်ချပေးလိုက်ပြီးတာနဲ့ ဖန်ကွဲစရှထားတဲ့ လက်က သွေးတိတ်အောင်လုပ်ပြီးဆေးထည့်ခြင်းကို P' က လုပ်ပေးသလို ကျွန်တော်က သူ့နှာခေါင်းကသွေးတိတ်အောင်လုပ်ရသည်။
ရင်ခွင်ထဲပွေ့ထားရင်း သူ့မျက်နှာကြည့်ရင်းနဲ့ကို ကျွန်တော့်ဟာကျွန်တော်င်ိုမိနေလားဆိုတာတောင် မသိတော့။ ကိုယ့်လက်ဆ ကိုယ်သိတာမို့ စိတ်မကောင်းခြင်းတွေပဲ စုပြုံပြည့်သိပ်ပြီး ဆို့နင့်တာကလွဲ ကျွန်တော်ဘာမှအသုံးမကျခဲ့။ နှာခေါင်းကသွေးစတွေကုန်တော့ ယောင်လာတဲ့ ပါးပြင်ကို ရေခဲကပ်ပေးရသည်။
ကုတင်အောက်မှာပြန့်ကျဲနေတဲ့ သွေးတွေနစ်နေတဲ့ ဂွမ်းစတွေကိုကြည့်ပြီး ကျွန်တော် ခေါင်းတွေပါမူးလာပြီ။ နောက်ကျမှသာရောက်ခဲ့ရင်ဆိုတဲ့အသိနဲ့ baby ကိုကြည့်ရင်း အေးစက်ခြောက်သွေ့စပါးပြင်က ပြန်ပြီးပူနွေးလာရသည်။
အခုခံစားရသမျှကို မေ့မပစ်လိုက်နဲ့ baby သေဖို့ရဲရင် ရှင်ဖို့လဲ ရဲရမယ်။ ကိုကိုက သိပ်ရက်စက်တာပဲဆိုပြီး မုန်းပစ်နိုင်ရမယ် နာကျည်းနိုင်ရမယ် သိလား ကလေးလေး။ သတိမလစ်ခင် ကိုကို့အတွက် ဘာမဆိုလုပ်ပေးမယ်ဆိုတဲ့စကားကို ခပ်ယဲ့ယဲ့ပြောသွားတော့ မသိမသာခိုးပြုံးရတာ baby သိလား။
နာကျင်ခံစားနေရတာကို ပြုံးနေမိတဲ့ ကိုကိုက အပြစ်ရှိပါတယ် baby ရယ်။ အဲ့ဒါကြောင့် မုန်းလိုက်စမ်း ကိုကို့ကို။ စော်ကားခံရတာတွေကို အားအဖြစ်ပြောင်းပြီး ပြန်နိုးထလာခဲ့ပါ ကလေးရယ်။ baby နိုးလာတဲ့အခါ သတ်သေဖို့ကြိုးစားလို့ စိတ်ပျက်တယ်ဆိုတဲ့ခေါင်းစဥ်အောက်မှာပဲ ကိုကိုက ဆက်နေနေမှာမို့လို့ လုံးဝသန်မာပစ်လိုက်စမ်း baby....
DU LIEST GERADE
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️