🖤A Million Dreams-47❤️

795 107 140
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤A Million Dreams-47❤️

ဖြူလွလွအရိပ်ကလေးဝင်လာတော့ ကြေကွဲစိတ်တွေနဲ့ အပြုံးတစ်ခုကို ဖန်ဆင်းသည်။ တိတ်ဆိတ်ခြင်းဟာ သန်းပေါင်းများစွာသော စကားလုံးတွေထက် ပိုထိရောက်တယ်မဟုတ်လား။ ပြဿနာရှာချင်စိတ်လဲမရှိ ငိုချင်လို့လဲ မျက်ရည်မကျ မွန်းကြပ်ပိတ်လှောင်ရလွန်းလို့ သူ့အနားကနေ ထွက်သွားပြီးတစ်နေရာရာမှာသွားနေချင်တာပဲသိသည်။

🖤 baby သူငယ်ချင်းတဲ့ ဖုန်းလာသွားတယ် ပြန်ဆက်လိုက်ဦး

သူ့နားလျှောက်သွားပြီး လက်ကလေးကိုဆွဲယူကာ ဖုန်းကိုထည့်ပေးတော့ လက်တွေတုန်နေတယ်လေ။ မင်းဘာလို့ လက်တွေတုန်နေရတာလဲ babyရယ်။ လက်ကသာတုန်နေတာ မျက်နှာက မတုန်မလှုပ်ကျောက်ရုပ်။ နဖူးကိုစမ်းကြည့်တော့ ကိုယ်မပူတဲ့အပြင် ချွေးစလေးတွေတောင်စို့လို့။ အဲ့လောက်ထိနေရခက်နေသလား baby....အရမ်းမွန်းကြပ်နေမှာပဲလို့တွေးမိတော့ ဒီအခန်းထဲ တစ်
စက္ကန့်တောင်မနေချင်တော့။

🖤 ကိုကို Nick ဆီ သွားလိုက်ဦးမယ် နည်းနည်းလောက်သွားသောက်မလို့ လိုက်ဦးမလား

အာ ဘယ်လိုက်လို့ရမလဲ နေမှမကောင်းသေးတာ ကောင်းကောင်းနေခဲ့နော်

တစ်ယောက်တည်းမေး တစ်ယောက်တည်းဖြေပြီး သူ့ပါးကိုဖွဖွနမ်းကာ အခန်းထဲကနေထွက်လာခဲ့သည်။ နေ့ခင်းက ဟိုကောင်မွှေသွားတုံးကမှ မခံချင်စိတ်နဲ့ ဒေါသနဲ့ baby အတွက်ရယ်ကလေးတွေအတွက်ရယ်ခံစားပြီး မျက်ရည်ကကျသေး။ အခုက မျက်ရည်မကျပဲ ရယ်ချင်နေတာ လောကကြီးက ဘာပါလိမ့်လို့လေ။

ဘဝက ဘာအဓိပ္ပါယ်မှမရှိသလိုလို အချစ်ကဘာမှအရေးမပါသလိုလို ကျွန်တော်ကိုယ်တိုင်က ဘာမှဟုတ်မနေသလိုလိုကြီး ခံစားနေရတာ။ ကားမောင်းရင်းနဲ့လဲ စိတ်ကဗလာ။ ရှေ့တည့်တည်
ကြည့်မောင်းနေပေမဲ့ ကျွန်တော်အမှန်တကယ် မြင်နေရတာက ဘာမှမရှိတဲ့ ဗလာတွေ။

ပါးစပ်က Nick ဆီသွားမယ်သာပြောခဲ့တာ တကယ်က မသွားချင်ဘူး။ ငိုဖို့ပုခုံးလိုအပ်နေတဲ့အချိန်မှမဟုတ်တာ။ ကျွန်တော်မငိုချင်ဘူးလေ ငိုလို့လဲမရဘူး။ ဗလာစိတ်နဲ့ မောင်းလာရင်း နေဝင်ခါနီးဆိုတဲ့အသိလေးကစိတ်ထဲဝင်လာတော့ မြစ်ကမ်းပါးဆီပဲ ကားဘီးတွေ လှည့်လိုက်တော့သည်။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Opowieści tętniące życiem. Odkryj je teraz