Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤Verdant Note-14❤️
💚📝 ဆွဲထားနိုင်တဲ့ လက်တစ်စုံနဲ့ ဘေးမှာ အမြဲရပ်နေနိုင်မဲ့ ခြေထောက်တစ်စုံကိုသာ လိုချင်ပါတယ်....သူနဲ့ ဖြတ်သန်းရမဲ့ သံသရာတိုင်းအတွက်ပေါ့
🖤❤️🖤❤️
ရင်ဘတ်ပေါ်က နွေးထွေးခြင်းတစ်စဟာ ဒီသံသရာမှာ ပျော်ဝင်စေဖို့ ကောင်းကောင်းလုံလောက်တဲ့ အကြောင်းပြချက်လေ...
ဒီနွေးထွေးခြင်းဟာ အိပ်မက်မဟုတ်မှန်းသိတော့ ကျွန်တော်ပျော်တယ်။ ကျွန်တော့်အင်္ကျီစကို ဆုပ်ကိုင်ထားတဲ့ နွေးထွေးခြင်းသေးသေးလေးကတောင် ခုလောက်ထိ ကျွန်တော့်ဘဝကို အဓိပ္ပါယ်ရှိစေနိုင်ရင် တခြား baby ရဲ့ ဖြစ်တည်ခြင်းအရာရာက ပိုလို့တောင် လေးနက်နေဦးမှာပါ။
ကျွန်တော့်ကို သူစိတ်မချခြင်းကို ဂုဏ်ယူစိတ်နဲ့ အားနာရတယ် ဒါပေမဲ့လည်း ပျော်တယ်။ သူလည်း ကျွန်တော့်လို လက်မလွှတ်ချင်တဲ့ အတ္တလေးရှိနေသေးတယ်လို့ သိရခြင်းက ကျွန်တော့်အတွက် ပျော်စရာပေါ့ဗျာ။
ကလေးလေးလိုမျိုး ကျွန်တော့် အင်္ကျီစကို ဆုပ်ကိုင်လို့ အိပ်ပျော်နေရှာတဲ့ baby ကိုကြည့်ရင်း ကျွန်တော် တိတ်တိတ်လေးမျက်ရည်ကျရတာ ဘယ်သူမှမသိပါဘူး။တချို့ပျော်ရွှင်ခြင်းတွေဟာ ချပြလို့မသင့်တဲ့ အတ္တတွေစွန်းပေနေတာမို့လို့ တိတ်တိတ်လေးပဲ ပျော်ပါ့မယ်။ ဒါကျွန်တော့် ဘဝပဲလေ။
baby ကိုကြည့်ပြီး မျက်ရည်ကျမိတုံးမှာ နောက်ကနေ လာရိုက်တဲ့လက်သေးသေးလေးတွေ
ကြောင့် မျက်ရည်စတွေ ခိုးသုတ်ရသည်။ ရင်ခွင်ထက်က လက်ကလေးအတွက် ငိုရသလို နောက်ကျောက လက်ကလေးတွေအတွက် ပြုံးရဦးမယ်လေ။🕊️ ကျင့်ပုတ်တဲ့ ဒီဒီ အောက်မှာအိပ်နေကျန်ဘီ
💛 ဖယ် ဖယ် ဂျားဝင်အိပ်မှာ
နောက်ကနေ တဖတ်ဖတ်ရိုက်တာ အားမရလို့ ကျွန်တော်တို့ကြား အတင်းဝင်တိုးနေတဲ့ ရစ်လုံးလေးတွေကို မသိချင်ယောင်ဆောင်ရင်း ကြိတ်ရယ်ရသည်။သူတို့ကို မခေါ်ဘဲ အောက်ဆင်းအိပ်လို့ စိတ်တိုနေကြတာဆိုတော့ နှုတ်ခမ်းလေးတွေလဲ ထော်နေမှာပဲ။ အိပ်ချင်ယောင်ဆောင်နေရလို့ မျက်လုံးမဖွင့်ရသေးပေမဲ့ မြင်ယောင်ပြီး ချစ်နေရပြီလေ။
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️