🖤 Tabula Rasa-15❤️

477 80 263
                                    

Unicode

🖤 Theories of LOVE❤️

🖤Season-4❤️

🖤 Tabula Rasa-15❤️

တစ်မနက်လုံး နှင်းတွေနဲ့ ဆော့ကြပြီး နေ့ခင်းကျတော့ ကျွန်တော်ငိုက်နေပြီ။

🖤အိပ်ကြတော့လေကွာ

မအိပ်ဘဲ အိပ်ရာပေါ်ထိုင်ဆော့နေတဲ့ သားအဖသုံးယောက်ကိုကြည့်ပြီး လူကအိပ်ချင်နေပြီလေ။

❤️ကိုကိုအိပ်လေ babyတို့ အပြင်သွားဆော့ပေးမယ်

🖤မအိပ်ကြဘူးလား

💛အိပ်ဘူး တားတားတို့က ချော့ပင်ထွက်မှာ

🖤ဈေးသွားဝယ်ရမှာက ညကျမှ ဟိုကောင်ကဘာမှတောင်မပို့ပေးသေးဘူး

❤️ကိုကိုအိပ်ချင်အိပ်ပါ ဒီရက်ထဲကောင်းကောင်းအနားယူလိုက် လိမ္မာတယ် လာကြဟေ့ တို့သားအဖတွေအပြင်ထွက်ဆော့မယ်

သူပဲ မမောမပန်း ကလေးတွေလက်ဆွဲပြီးဆော့ဖို့အပြင်ထွက်သွားပြီ။ ကျွန်တော်ကတော့သူပြောတဲ့အတိုင်း ဒီရက်ထဲနားလို့ရတုံးလေး ကောင်းကောင်းနားထားမှဖြစ်မှာပါ။ နောက်ပိုင်းပိတ်ရက်ကျော်ရင် အလုပ်တွေက ပြန်စရတော့မှာလေ။

အိပ်မယ်ပြင်ရင်းလက်ဆောင်ကို သတိရလို့ Mr.Wangကို ဖုန်းလှမ်းဆက်ရသည်။

🖤ဟယ်လို Mr.Wang အခြေအနေလေး တစ်ချက်လောက် ဟီးးး

မေးသာမေးရတာ အားနာတာမို့ ရယ်ပြမိသေးသည်။ကိုယ့်ထက်သူက ဒီရက်ထဲပိုပင်ပန်းမှာမို့လို့ အားနာရတာပါ။ဒီနေ့ညပြီး နက်ဖြန်ခရစ်စမတ်အမှီဆိုတော့ သူဒီရက်ပိုင်းတွေ အိပ်ရေးတောင်ဝရဲ့လားမသိ။

"မှီပါတယ် မပူနဲ့ ငါ့ယုံစမ်းပါကွ"

🖤ယုံပါတယ်ဗျာ Mr.Wangကို အားနာလို့ပါ

"ဘာမှအားနာမနေနဲ့ ငါကိုယ်တိုင်ကလည်း စိတ်ပါပြီး ဆန္ဒရှိလို့ လုပ်ပေးတာလေ ငါပေးနိုင်တာ မေတ္တာပဲမို့လို့လေကွာ"

🖤တကယ်ကျေးဇူးတင်ပါတယ်ဗျာ

"ရပါတယ်ကွာ ကဲ ငါဆက်လုပ်လိုက်ဦးမယ်နော်"

ဖုန်းလည်းချပြီးရော ချက်ချင်းစာကဝင်လာပြီ။ Nickက သူ့ဆိုင်က ကလေးတစ်ယောက်ကို ဒီနေ့ညဈေးရောင်းပွဲတော်ရဲ့ မြေပုံလေး လာပို့ခိုင်းထားတယ်တဲ့။ အဲ့ဒါနဲ့ပဲ အိပ်မဲ့အရေးကို ဟိုသားအဖတွေကို လိုက်ရှာပြီး ပြောရဦးတော့မှာပေါ့။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Donde viven las historias. Descúbrelo ahora